❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၃။ ဗိမာန်တော်အနုမောဒနာပြုခြင်း
* ပဏာမစောင်းတီးခြင်း
* ဓမ္မသီချင်းသီဆိုခြင်း
* ဝတ်ပြုရန်ဖိတ်ခေါ်ခြင်း
သင်းအုပ် | – | ထာဝရဘုရား၏ တောင်ပေါ်သို့ အဘယ်သူသည် တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌ အဘယ်သူသည် ရပ်နေရမည်နည်း။ |
ပရိသတ် | – | သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသောသူ၊ မုသားကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်။ |
သင်းအုပ် | – | ထာဝရဘုရား လက်တော်မှ ကောင်းချီးမင်္ဂလာကို လည်းကောင်း၊ ကယ်တင်တော်မူသော ဘုရားသခင်လက်တော်မှ ဖြောင့်မတ်ခြင်း တရားကိုလည်းကောင်း ခံရလိမ့်မည်။ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး မျက်နှာတော်ကိုရှာသော ယာကုပ်အမျိုးဖြစ်သတည်း။ |
ပရိသတ် | – | အချင်းတံခါးတို့ တံခါးမုတ်ကိုကြွလိုက်ကြ၊ အချင်းထာဝရ တံခါးတို့ ကိုယ်ကိုကြွလိုက်ကြ၊ ဘုန်းကြီးသော ဘုရားဝင်တော်မူမည်။ |
သင်းအုပ် | – | ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ |
ပရိသတ် | – | အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှာ၊ တန်ခိုးကြီးတော်မူသော ထာဝရဘုရားပေတည်း။ |
သင်းအုပ် | – | ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ |
ပရိသတ် | – | ကောင်းကင်ဗိုလ်ခြေ အရှင်ပေတည်း။ |
* ပတ္ထနာတော်
* သမ္မာကျမ်းစာဖတ်ခြင်း (ဆာ ၈၄း၎၊ ၁၀၊ ၁၂)
* အလှူတော်ငွေ ကောက်ခံခြင်း
* အသင်းတော်လူကြီးများအား သင်းအုပ်၏မှာကြားချက်