❮ Prev . . . အခန်း ၅ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ

၃။ ဗိမာန်တော်အနုမောဒနာပြုခြင်း

ဘုရားသခင်၏ အမှုတော်မြတ်အတွက် ယခုဆက်ကပ်အပ်နှံသော ဤဗိမာန်တော်ကို စောင့်ထိန်းကြည့်ရှုရန် ဤအသင်းတော်သားများသည် သင်တို့ကို အသင်းတော် လူကြီးများအဖြစ် ရွေးကောက်ခဲ့ကြပါပြီ။ သင်တို့သည် ဤအသင်းတော်နှင့် သက်ဆိုင်သမျှ ဤဗိမာန်တော်၏ အကျိုးကို ဆောင်ရွက်ကြရန်ဖြစ်သည်။

ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရာဌာန ဖြစ်သောကြောင့် ကိုယ်တော်ကို သန့်ရှင်းခြင်းနှင့်လည်းကောင်း မေတ္တာနှင့်လည်းကောင်း ဝတ်ပြုကြရပါမည်။

ဗိမာန်တော်ကို လူတို့အစဉ်တစိုက် အသုံးပြုနိုင်ရန် စောင့်ရှောက်ထိန်းသိမ်းရန် ဖြစ်ပါသည်။ လိုအပ်သလို အခွင့်အရေးရရှိသလို ပြုစုမွမ်းမံပါ။ ဘုရားသခင်၏ အိမ်တော်ဟူသော အမည်နှင့် ထိုက်တန်စွာ ထားရှိရန် သင်တို့ကို တာဝန်ပေးအပ်ပါသည်။

ဤအချိန်မှစ၍ သင်တို့ရရှိသော အခွင့်နှင့် တာဝန်အရ ဤအဆောက်အဦးကို ဘုရားသခင် ယေရှု၏ အသင်းတော်အတွက် သင်တို့ကြည့်ရှုပြုစုရန် ဖြစ်သည်။ သင်တို့စိတ်နှလုံးတွင် ခရစ်ယာန်ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတည်ရှိလျက် ဂေါပကလူကြီးများနှင့် သက်ဆိုင်သော တာဝန်အရပ်ရပ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့ကို လမ်းပြပို့ ဆောင်ပါစေသော။

* အသင်းတော် လူကြီးများ၏ ပဋိညာဉ်

လူအပေါင်းတို့ ဝတ်ပြုကိုးကွယ်ရာ၌ အိမ်ထောင်တွင် နှုတ်ကပတ်တော် အစဉ်သဖြင့် ဟောကြားလျက် ဤအရပ်ဝန်းကျင် အတွင်း နိုင်ငံတော်ကျယ်ပြန့် စေရန်အတွက် သီးသန့်စွာ ဆောက်ထားသော ဤဗိမာန်တော်ကို သစ္စာကြည့်ရှုစောင့် ထိန်းပါမည်ဟု ဤအသင်းတော်၏ ဂေါပကလူကြီးများ ဖြစ်သောကျွန်ုပ်တို့သည် ဘုရားသခင်နှင့်လည်းကောင်း အချင်းချင်းနှင့်လည်းကောင်း ပဋိညာဉ်ပြုကြပါသည်။

Continue… » »


❮ Prev . . . အခန်း ၅ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.