❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၃။ ဗိမာန်တော်အနုမောဒနာပြုခြင်း
* ဆက်ကပ်ဆုတောင်းခြင်း (ပရိသတ်အားလုံး)
သင်းအုပ် | – | အဖဘုရား၏ ဘုန်းတော်တစ်ပါးတည်းသော ကယ်တင်ရှင် သားတော်၏ ဂုဏ်တော်နှစ်သိမ့် အားပေးတော်မူသောအရှင် သန့်ရှင်းသော ဝိညာဉ်တော်ကို ချီးမွမ်းထောပဏပြုကြလျက် |
ပရိသတ် | – | ဤဗိမာန်တော်ကို ဆက်ကပ်ကြပါသည် |
သင်းအုပ် | – | ဆုတောင်းခြင်းချီးမွမ်းခြင်းဖြင့် ဝတ်ပြုကြရန်လည်းကောင်း၊ နှုတ်ကပတ်တော်ကို ဟောကြားရန်လည်းကောင်း၊ သန့်ရှင်သောမင်္ဂလာဝတ်များကို ကျင်းပပြုလပ်ရန်လည်းကောင်း |
ပရိသတ် | – | ဤဗိမာန်တော်ကို ဆက်ကပ်ကြပါသည် |
သင်းအုပ် | – | ကြေကွဲသူတို့နှင့် နှစ်သိမ့်ရန်၊ အားနည်းသူတို့ကို ခွန်အားပြည့်စေရန်နှင့် သွေးဆောင်ခြင်းခံရသူ တို့ကို ကူညီမစရန် |
ပရိသတ် | – | ဤဗိမာန်တော်ကို ဆက်ကပ်ကြပါသည် |
သင်းအုပ် | – | အိမ်ထောင်များကို သန့်စင်စေရန်၊ သူငယ်များကို စိတ်နှလုံးဖြူစင်စေ၍ လမ်းပြပို့ဆောင်ရန် ညီအစ်ကိုချစ်ခြင်းမေတ္တာကို အဆင့်မြင့်မားစေရန် |
ပရိသတ် | – | ဤဗိမာန်ကို ဆက်လက်ကပ်ကြပါသည် |
သင်းအုပ် | – | တိုင်းပြည်ကို ချစ်သောစိတ်ဖွံ့ဖြိုးရန်၊ ကိုယ်ကျင့်တရားနှင့် သြတ္တပ္ပစိတ် မြင့်မာရန် နေရာအရပ်ရပ်တွင် မကောင်းမှုမျိုးကို နှိမ်နှင်းရန် |
ပရိသတ် | – | ဤဗိမာန်တော်ကို ဆက်ကပ်ကြပါသည် |
* သင်းအုပ်ဆုတောင်းခြင်း
* ဓမ္မသီချင်း သီဆိုခြင်း “နိုင်ငံတော်ကိုသခင်”
* တရားဒေသနာဟောကြားခြင်း
* ဓမ္မသီချင်း သီဆိုခြင်း
* ကောင်းချီးပေးခြင်း/ ကောင်းချီးမင်္ဂလာ ခံယူခြင်း