❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၎။ အသင်းတော်ဖွဲ့စည်းခြင်း ဝတ်ပြုခြင်း
အသင်းတော်၏ အသင်းသူ၊ အသင်းသားများဖြစ်မည့်သူတို့သည် စုရုံးလျက် သိက္ခာတော်ရ ဓမ္မဆရာတစ်ပါးကို ရွေး၍ စည်းဝေးအုပ်တင်မြှောက်ပြီးလျှင် ၄င်းဆရာက အောက်ပါကျမ်းချက်များ သို့မဟုတ် အခြားကျမ်းချက်များဖြင့် ဝတ်ပြုရန် ဖိတ်ခေါ်ပါ။
* ဖိတ်ခေါ်ခြင်း
သခင်ယေရှုက အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏ နာမကို ထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။
ယေရှုခရစ်တည်းဟူသော ချလျက်ရှိသော တိုက်မြစ်မှတစ်ပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။
ခြေဖဝါးတော် အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့် အသင်းတော်အဖို့ အလို့ငှာ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာဦးခေါင်း ဖြစ်တော်မူ၏။ ထိုအသင်းတော်ကား အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ ကိုယ်ဖြစ်သတည်း၏
မိမိကိုယ်ကိုပင် ပြစ်မှား၏။ အဘယ်သို့နည်း သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော သင်တို့အထဲ၌
ကိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို လည်းကောင်း မိမိတို့ကိုယ်ကို မိမိတို့မပိုင်ကြောင်းကို လည်းကောင်း မသိကြသလော။
* ဓမ္မသီချင်း
* ကျမ်းစာဖတ်ခြင်း