❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၎။ အသင်းတော်ဖွဲ့စည်းခြင်း ဝတ်ပြုခြင်း
အောက်ပါကျမ်းချက်များမှရွေးယူပါ။
တ ၁၂း၁-၉၊ ထွက် ၂၄၊ ယေရမိ ၃း၃၁-၃၄၊ မဿဲ ၁၆း၁၃-၁၈၊ ယော ၁၀း၁-၁၈၊ ယော ၁၅း၁-၁၇၊ တ ၂း၃၇၊ ၄၇၊ ရော ၁၂း၁-၁၃၊ ၁ ကော ၁၂၊ ဧ ၄း၁-၁၆၊ ဖိ ၂း၁-၁၈၊ ကော ၃း၁-၁၇၊ ဟေ ၁၀း၁၉-၂၅၊ ၁ ပေ ၂း၁-၁၀။
* အသင်းတော်ဝင်မည့်သူတို့အား မတ်တတ်ရပ်လျက် ဆရာက ပြောကြားရန်
သခင်ယေရှုခရစ်၏ နာမတော်၌ ညီအစ်ကိုမောင်နှမတို့ စုဝေးလာကြပြီး သခင်ဘုရားနှင့်ွှ့ လည်းကောင်း၊ အချင်းချင်းနှင့်လည်းကောင်း ပဋိညာဉ်ပြုလျက် အသင်းတော်ဖွဲ့စည်းရန် ဖြစ်ပါသည်။
ယင်းသို့အသင်းတော်ဖွဲ့စည်းရာတွင် အထူးလိုအပ်ချက်နှစ်ရပ်မှာ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့် ခရစ်ယာန်အပေါင်းတို့ကိုချစ်ခြင်း ဖြစ်ပါသည်။ ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်သည်” ဟုဝန်ခံသောအခါ သခင်ယေရှုက ‘ဤကျောက်ပေါ်မှာ ငါ၏အသင်းတော်ကို တည်ဆောက်မည်’ ဟု မိန့်တော်မူသည်။
သခင်ယေရှုသည် အရှင်သခင်ဖြစ်ကြောင်းကို အမှန်ပင် ယုံကြည်၍ ရွှင်လန်းဝမ်းမြောက်စွာ ဝန်ခံမှသာလျှင် အကျွန်ုပ်တို့သည်ဝိညာဉ်ရေးဆိုင်ရာ အဆောက်အဦးတွင် အသက်ရှင်သောအုတ်များ ဖြစ်ကြပါမည်။ သခင်ယေရှုသည် တပည့်တို့အား ‘သင်တို့သည် အချင်းချင်းတစ်ယောက်ကို တစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏’ ဟုမိန့်မှာတော်မူခဲ့သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သခင်ဘုရား၏ လမ်းစဉ်ကို အချင်းချင်းချစ်ခြင်း မေတ္တာပြလျက် အတူတကွလျှောက်လိုက်ကြပါမည်ဟု စိတ်ပြဌာန်းရန် လိုအပ်ပေသည်။