❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၅။ သင်းအုပ်ဆရာကို လက်ခံဆက်ကပ်ဝတ်ပြုခြင်း
(နယ်အသင်းတော်များအဖွဲ့၊ အဖွဲ့ချုပ်မှကိုယ်စားလှယ်အား သဘာပတိတင်မြှောက်သင့်ပါသည်။)
* ဓမ္မသီချင်း
* ဆုတောင်းခြင်း
* ကျမ်းစာဖတ်ခြင်း
(အောက်ပါကျမ်းချက်များမှ ရွေးနိုင်သည်) ဟေရှာ ၆း၁-၈။ ယေရမိ ၁း၎-၁၀။ မဿဲ ၂၈း၁၆-၂၀။ လု ၅း၁-၁၁။ လု ၁၂း၃၅-၄၈။ ယော ၁၀း၁-၁၈။ ရော ၁၁း၆-၁၇။ ရော ၁၂။ ၂ ကော ၅း၁၁-၂၁။ ဧ ၄း၁-၆။ ၂ တိ ၄း၁-၈။ ၁ ပေ ၅း၁-၁၁။
* တရားဒေသနာ
* သဘာပတိ ပြောကြားရန်
ဆရာဦး ______ အား အသင်းတော်၏ ဓမ္မအမှုကိုဆောင်ရွက်ရန် သင်းအုပ်ဆရာအဖြစ် လက်ခံအသိအမှတ်ပြုတော်မူသော သခင်ယေရှုခရစ်၏ နာမ၌ စုဝေးလာကြပါသည်။ အသင်းတော်သည်သန့်ရှင်းသော ဝိညာဉ်တော်လမ်းပြမှုဖြင့် ဆရာ့အားသင်းအုပ်ဆရာ အဖြစ်ရွေးချယ်ခဲ့ပုံကို ဦးစွာပထမကြားနာသင့်ပါသည်။ သခင်ဘုရားက ဆရာ့အား သင့်အုပ်ဆရာ၌ ခန့်အပ်သည်ဟု အသင်းသူ၊ အသင်းသားများ လက်ခံယုံကြည်သင့်ပါသည်။ ထို့အပြင် ဆရာအနေဖြင့် ထာဝရဘုရားသည် သင်းအုပ်ဆရာအဖြစ် ရွေးကောက်တော်မူမည်ဟု ယုံကြည်ချက်ကို ဖော်ပြ၍ သင်းအုပ်၏ တာဝန်အားလုံးကို ကျေပွန်အောင် (သစ္စာဝိရိယ) ရှိစွာဖြင့် ဆောင်ရွက်ပါမည်ဟူ၍ ဖော်ပြရန်လိုအပ်ပါသည်။