❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၅။ သင်းအုပ်ဆရာကို လက်ခံဆက်ကပ်ဝတ်ပြုခြင်း
* အသင်းတော်၏ အတွင်းရေးမှူး/ကိုယ်စားလှယ်တစ်ဦးက
ဆရာဦး _________ အား သင်းအုပ်အဖြစ် ခေါ်ဖိတ်ခြင်း အကြောင်းနှင့် ပတ်သက်၍ ဖော်ပြခြင်း။
* သင်းအုပ်အဖြစ် ရွေးချယ်ခြင်း ခံရသောဆရာသည် သင်းအုပ်အဖြစ် လက်ခံခြင်း အကြောင်းနှင့် ပတ်သက်၍ ဖော်ပြခြင်း။
* ဓမ္မသီချင်း သီဆိုပြီးနောက် ပရိသတ် မတ်တတ်ရပ်နေစေပါ။
* သဘာပတိက သင်းအုပ်အဖြစ် ရွေးချယ်ခံရသော ဆရာအားပြောရန်။
ဤအသင်းတော်တွင် ဓမ္မအမှုတော်ကိုဆောင်ရန် ဘုရားသခင်သည် ဆရာ့အား ရွေးကောက်၍ အသင်းတော်က ခေါ်ဖိတ်ကြောင်းကို ကျွန်ုပ်တို့ ယုံကြည်ပါသည်။
ဘုရားသခင်သည် ဆရာ့အား ရွေးကောက်သဖြင့် ဆရာက သင်းအုပ်အလုပ်ကို လက်ခံသည်ဖြစ်ရာ ဆရာ့အား စစ်ဆေးမေးမြန်းရန် မလိုတော့ပါ။ သို့ရာတွင် ဆရာလက်ခံသော သင်းအုပ်အလုပ် မည်မျှအရေးကြီးကြောင်းကို ပို၍နားလည်နိုင်ရန်လည်းကောင်း၊ အသင်းသူ/အသင်းသားများအနေဖြင့်လည်း ဆရာ၏ စိတ်သဘောကို ပို၍ သိရှိရန်လည်းကောင်း ဆရာဖြေကြားရန်အောက်ပါ မေးခွန်းများကို ခရစ်တော်နှင့် ကိုယ်တော်၏ အသင်းတော်ကို အကြောင်းပြု၍ မေးလိုပါသည်။