❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၅။ သင်းအုပ်ဆရာကို လက်ခံဆက်ကပ်ဝတ်ပြုခြင်း
မေး | – | ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် သုံးတပါးတစ်ဆူ ဘုရားကို ယုံကြည်ပါသလား။ ယေရှုခရစ်သည် ဆရာ၏ ကယ်တင်ရှင် အဖြစ် ယခုထပ်မံ၍ ဝန်ခံသလား။ |
ဖြေ | – | ဝန်ခံပါသည်။ |
မေး | – | ဤအသင်းတော်နှင့် အသင်းသူ အသင်းသားတို့၏ သင်းအုပ်ဆရာအဖြစ် ဘုရားသခင်သည် ဆရာ့ကို ရွေးကောက်တော်မူသည်ဟု ယုံကြည်ပါသလား။ |
ဖြေ | – | ယုံကြည်ပါသည်။ |
မေး | – | သစ္စာရှိစွာဖြင့် မိမိ၌ အပ်ထားသောတာဝန်ကို ထမ်းဆောင်ပါမည်ဟူ၍ လည်းကောင်း၊ သမ္မာကျမ်းစာမှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသွန်သင်ပါမည်ဟူ၍ လည်းကောင်း ဤအသင်းတော်၏ ကိုးကွယ်ဝတ်ပြုခြင်းနှင့် ဓမ္မမင်္ဂလာများစီရင်ခြင်းတွင် ဦးဆောင်ပါမည်ဟူ၍ လည်းကောင်း၊ ခရစ်တော်၏ သိုးစုကို ကြည့်ရှုပြုစုလျက် ဝမ်းမြောက်ဖွယ် သတင်းတရားကို ဟောပြောကြေညာပါမည်ဟူ၍ လည်းကောင်း၊ ကတိပြုပါသလား။ |
ဖြေ | – | ကတိပြုပါသည်။ သခင်ဘုရား ကူမတော်မူပါစေသော။ |