❮ Prev . . . အခန်း ၅ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ

၅။ သင်းအုပ်ဆရာကို လက်ခံဆက်ကပ်ဝတ်ပြုခြင်း

* သဘာပတိ အသင်းတော်အားပြောရန်။

မေးဤအသင်းတော်၏ အသင်းသူအသင်းသားများအနေဖြင့် ဆရာဦး _________ အား၊ ဤအသင်းတော်၏ သင်းအုပ်ဆရာအဖြစ် လက်ခံအသိအမှတ်ပြု၍ ဆရာအားလေးစားလျက်လိုအပ်သော အကူအညီကို ပေးပါမည်လား။
ဖြေပေးပါမည်။

* ဆုတောင်းခြင်းး

* သဘာပတိ ကြေညာရန်

ဤအသင်းတော်နှင့် အသင်းသူအသင်းသားတို့၏ သင်းအုပ်ဆရာအဖြစ် နှစ်ခြင်းအသင်းတော်တို့၏ ယုံကြည်ချက်နှင့် ထုံးနည်းအရ၊ ဆရာခန့်အပ်ပြီးကြောင်းကို သခင်ယေရှုခရစ်၏ နာမ၌ ကြေညာပါ၏။

– သဘာပတိ အသင်းတော် ကိုယ်စားလှယ်နှင့် အခြားရွေးချယ်ထားသူတို့သည် ဆရာ့အားလက်ဆွဲနှုတ်ဆက်ပါ။

ပရိသတ်ထိုင်စေပြီး၊ အလှူတော်ငွေကောက်ခံဆက်ကပ်ခြင်း။

* ကြော်ငြာခြင်း။

* ရွေးချယ်ထားသော ဆရာတစ်ပါးက သင်းအုပ်ဆရာခန့်အပ်ခြင်း ခံရသောဆရာနှင့် အသင်းတော်အား သတ်သတ်စီ သစ္စာပေးပါ။

* ဓမ္မသီချင်း

* ကောင်းချီးပေးခြင်း/ကောင်းချီးမင်္ဂလာခံယူခြင်း

(သင်းအုပ်ဆရာအဖြစ် ခန့်အပ်ခြင်း ခံရသော ဆရာအားဖြင့် ကောင်းချီးမင်္ဂလာကို ခံယူခြင်း)

သခင်ယေရှု၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာယတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။

Continue… » »


❮ Prev . . . အခန်း ၅ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.