❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၆။ သင်းထောက်လူကြီးများ ဆက်ကပ်ဝတ်ပြုခြင်း
အောက်ပါအစီအဦကို တရားဟောအပြီးတွင် ဖြစ်စေ၊ ဝတ်ပြုစည်းဝေးအတွင်း မည်သည့်အချိန်မှာဖြစ်စေ၊ ထည့်သွင်းနိုင်ပါသည်။ သင်းတော်များသည် ပရိသတ်ရှေ့တွင် မတ်တတ်ရပ်စေလျက်၊ သင်းအုပ်ဆရာစကာဒပြောစေပါ။
* သင်းအုပ် (သင်းထောက်များအားမှာကြားခြင်း)
ညီအစ်ကိုတို့
ဘုရားသခင်။ ကျေးဇူးတော်အားဖြင့်လည်းကောင်း၊ ဤအသင်းသားတို့၏ ရွေးချယ်ခြင်းအားဖြင့် လည်းကောင်း၊ သင်းတို့သည်ဤအသင်းတော်၏ အသင်းတော်များအားဖြင့် ရွေးချယ်ခံကြပြီး တမန်တော်တို့ လက်ထက်တွင် အသင်းတော်အတွင်း ဆင်းရဲချို့တဲ့သောသူတို့ကို ကြည့်ရှုဖို့ရန် သင်းထောက်များ ခန့်အပ်ခဲ့သောကြောင့် သင်းထောက်ရာထူးသည် လေးစားကြည်ညိုဖွယ်ဖြစ်သည်၊
* ကတိဝန်ခံချက်
ဆရာ | – | သင် တို့သည် ဤအသင်းတော်၏ သင်းထောက်များအဖြစ် တင်မြှောက်ခြင်း ခံရသည်နှင့်အညီ၊ သခင်ယေရှုနှင့် အသင်းတော်၏ သစ္စာကို စောင့်သိရိုသေပါမည်လား။ |
သင်းထောက်များ | – | ဘုရားသခင်၏ ကူညီမစခြင်းဖြင့် သစ္စာစောင့်သိရိုသေပါမည်။ |
ဆရာ | – | သင်တို့သည် ဤအသင်းတော်၏ သင်းထောက်အရာကို လက်ခံလျက်၊ သင်းထောက်တို့၏ တာဝန်ဝတ္တရားများကို သစ္စာဖြင့် ထမ်းဆောင်ပါမည်လား။ |
သင်းထောက်များ | – | ဘုရားသခင် ကူညီမစခြင်းဖြင့် ထမ်းဆောင်ပါမည်။ |
ဆရာ | – | သင်တို့တတ်အားသမျှ၊ အသင်းတော် အကျိုးကို စောင့်ရှောက်လျက်၊ သင်းအုပ်ဆရာ၊ အသင်းတော်သားများနှင့် ပူးပေါင်း၍ အသင်းတော်၏ လုပ်ငန်းအဝဝ တိုးတက်အောင်မြင်ရန် ကြိုးစားမည်ဟု ကတိပြုပါသလား။ |