❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၇။ ဥပုသ်စာဖြေ ကျောင်းဆရာ၊ ဆရာမများနှင့် အမှုဆောင်များ ဆက်ကပ်ဝတ်ပြုခြင်း
ညွှန်ကြားချက် ဤအစည်းအဝေးမျိုးကို ဝတ်ပြုကိုးကွယ်စည်းဝေးအပြီးတွင် ဆက်လက်ကျင်းပနိုင်သည်။ သို့မဟုတ် သင့်တော်သလို တွဲဖက်၍လည်း ပြုလုပ်နိုင်သည်။
* ကျမ်းစာဖတ်ခြင်း
(နှစ်သက်ရာကျမ်းပိုဒ်ကို ရွေးပါ)
လု ၂း၄၀-၅၂၊ ၂ တိ ၁း၁-၁၄၊ ၂ တိ ၂း၁-၁၅
* သင်းအုပ်၏မိန့်ခွန်း
ဥပုသ်စာဖြေကျောင်းအရာရှိများနှင့် ဆရာ။ ဆရာမများအား အောက်ပါစကားဖြင့် ပြောကြားနိုင်သည်။
လုပ်ဖော်ဆောင်ဖက်အပေါင်းတို့ . . .
သင်တို့ကို ဤအသင်းတော်တွင် ဥပုသ်စာဖြေကျောင်း ဆရာ၊ ဆရာမများ၊ အရာရှိများအဖြစ် ခန့်အပ်ထားခြင်းခံရသဖြင့် အသင်းတော်သည် အရေးကြီးသော သာသနာလုပ်ငန်း တစ်ရပ်ကို သင်တို့ လက်တွင် အပ်နှံပြီးဖြစ်သည်။ သင်တို့သည် ကလေးသူငယ်၊ လူရွယ် လူလတ်၊ လူကြီးများအား ထာဝရ သက်ဆိုင်ရာ ခရီးလမ်းကို ညွှန်ကြား ပြသရသော အခွင့်ထူးအမြတ်ကို ရရှိရကြပြီ။ ဤသို့ ရွေးချယ်ခြင်း ခံရသည်တွင် သင်တို့သည် အမြင့်ဆုံးသော ဘုရား၏ အစေခံများ၊ အရှင်ယေရှု၏ လုပ်ဖော်ဆောင်ဘက်များ ဖြစ်ကြလျက်၊ လူမျိုးအဆက်ဆက်တို့အား ဇဝံဂေလိ အလင်းတရားတို့ ပို့ချလျက် ရှေးသန့်ရှင်းသူတို့၏ အပေါင်းအသင်းတွင် ပါဝင်ကြပြီ။ လူ့ဘဝ၏ နက်နဲဆုံး အရာများနှင့် ဝိညာဉ်ခွန်အား တိုးတက်ရန် အကြောင်းအရာများကို သင်ကြားပို့ချဖို့ သင်တို့တွင် အပ်ထားသော သူတို့အား သင်တို့၏ ပုံသက်သေ အားဖြင့်လည်း သင်ကြားလျက် ရှိကြသည်။