❮ Prev . . . အခန်း ၅ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ

၇။ ဥပုသ်စာဖြေ ကျောင်းဆရာ၊ ဆရာမများနှင့် အမှုဆောင်များ ဆက်ကပ်ဝတ်ပြုခြင်း

ခရစ်ယာန်ဓမ္မပညာ၏ ဦးတည်ချက်နှင့် သက်ဆိုင်သော အကြောင်းအရာများကို ပို့ချရုံသာမက သင်တန်းသားတို့၏ ဝိညာဉ်ရေးကိုလည်း နိုးကြားစေရန် လှုံဆော်ဖို့တာဝန်ရှိသည်အတိုင်း သစ္စာရှိပြီး စိတ်ထက်သန်စွာ ကြိုးစားအားထုတ်လျက် မေတ္တာ၊ စေတနာ၊ ဇွဲသတ္တိဖြင့် ဆောင်ရွတ်ကြရန် သင်တို့အား မှာကြားပါ၏၊

သူငယ်ယေရှုသည် အစဉ်အတိုင်းကြီးပွား၍ ပညာတိုးပွားလျက် ဘုရားသခင့်ရှေ့မှာ မျက်နှာရတော်မူ သကဲ့သို့ သင်တို့၏ တပည့်များသည်လည်း ကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို သိကျွမ်းခြင်း၌ ကြီးပွားတိုးတက်နိုင် ပါစေသော်။

*  ဆရာ ဆရာမများနှင့် အမှုဆောင်များ ပဋိညာဉ် သစ္စာဆိုခြင်း

သင်တို့သည် ဤအသင်းတော်၏ သင်ကြားပို့ချသော လုပ်ငန်းတွင် ဘုရားရှင်၏ မစခြင်းဖြင့် သင်တို့၏ တာဝန်များကို သစ္စာရှိစွာဖြင့် ဆောင်ရွက်ကြမည်လား။ ဥပုသ်စာဖြေကျောင်းကို အချိန်မှန် အပတ်စဉ်တက်၍ သင်ခန်းစာများကို ကြိုးစားသင်ကြားပို့ချ ကြမည် လား။ သင်တို့တပည့်များကို နားလည်လျက်၊ မေတ္တာ၊ စေတနာထား ရှိလျက်နှုတ်အားဖြင့် လည်းကောင်း ပုံသက်သေအားဖြင့်လည်းကောင်း၊ သခင်ခရစ်တော်ကို အရှင်သခင်အဖြစ် လက်ခံကာ အသင်းတော်ဘောင် အတွင်းသို့ ပို့ဆောင်ကြမည်လား။

ဆရာ၊ ဆရာမများ ကျေးဇူးတော်ကူမခြင်း အားဖြင့် ပို့ဆောင်ကြိုးစားပါမည်။

Continue… » »


❮ Prev . . . အခန်း ၅ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.