❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၇။ ဥပုသ်စာဖြေ ကျောင်းဆရာ၊ ဆရာမများနှင့် အမှုဆောင်များ ဆက်ကပ်ဝတ်ပြုခြင်း
ဤကလေးသူငယ်များနှင့် လူငယ်များသည် ဝိညာဉ်သက်ရှင်သန်ကြီးထွားလာစေရန် ဆောင်ရွက်ခြင်းသည် အသင်းတော်၏ တာဝန်သာ မဟုတ်ပါ။ ဆရာ/ဆရာမများသည် မိမိတို့ တတ်အားသမျှကို ဆောင်ရွက်ပါမည်ဟု ကတိပြုကြသော်လည်း အိမ်ထောင်၏ ဝန်းကျင်နှင့် အခြေအနေကို ဖန်တီးဖို့ရန်လည်းကောင်း၊ ဥပုသ်စာဖြေ ကျောင်းမှ သင်ကြားပေးသော စိတ်ဓါတ်ကို ရှင်သန်လာစေရန်လည်းကောင်း သင်တို့၏ ကဏ္ဍမှ ယိုင်းပင်းကူညီမှုကို လိုပါသည်။ ထို့ကြောင့် သင်တို့သားသမီးတို့၏ ဝိညာဉ်သက် ကြီးပွားရေးကို ပြုစုရသည့် တာဝန်သည် သင်တို့တွင်လည်း ရှိသည်ကို သိမှတ်လျက် မိမိတို့တာဝန်ကို သစ္စာရှိစွာ ဖြင့်ဆောင်ရွက်ပါမည်လား။ သင်တို့၏ ကိုယ်စိတ်၊ ဝိညာဉ်ကို ဆက်ကပ်အပ်နှံ ပါမည်လား။
မိဘများ၊ ကျေးဇူးတော်ကူမခြင်း အားဖြင့် ဆက်ကပ်အပ်နှံ ပါမည်။
* ဥပုသ်စာဖြေကျောင်းသူ၊ ကျောင်းသားများကို မတ်တပ်ရပ်စေလျက်၊ သင်းအုပ်ဆရာမှာကြားရန်
ဥပုသ်စာဖြင့် ကျောင်းသူ၊ ကျောင်းသားတို့ သင်တို့အတွက် ဆရာ၊ ဆရာမများ ကတိဝန်ခံချက် ပြုသည်ကို သင်တို့ကြားရပါပြီ။ ဤပုဂ္ဂိုလ်များကို ကျေးဇူးတင်လျက် ဂုဏ်တော် ချီးမွမ်း၍ အတန်းမှန်မှန်တက်ရောက်ရန် လည်းကောင်း၊ သင်ကြားချိန်တွင် စူးစိုက်နားထောင် ပါမည်လား။
– သင်တန်းသားများ ကျေးဇူးတော်ကို ကူမခြင်းအားဖြင့် ကတိပြုပါမည်။
* ဆက်ကပ်ဆုတောင်းခြင်း
မှတ်ချက်။ ။ ဝတ်ပြုအစီအစဉ်ကို သင့်တော်သလို ရေးဆွဲရန်