❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
ဂ။ ကလေးသူငယ်ဆက်ကပ်ဝတ်ပြုခြင်း
(အကြောင်းညီညွှတ်လျှင် ဤအစီအစဉ်ကို ဘုရားရှိခိုး ကျောင်းအတွင်း ပြုလုပ်သင့်ပါသည်။ တနင်္ဂနွေ ဝတ်ပြုစည်းဝေးတွင် တပါးတည်း တရားဟောအပြီးတွင်ဖြစ်စေ၊ သမ္မာကျမ်းစာဖတ်၍ အပြီးတွင်ဖြစ်စေ ပြုလုပ်နိုင်ပါသည်။)
– ဆရာ – မိဘများဆက်ကပ်မည့်ကလေးကို ပရိသတ်ရှေ့သို့ ခေါ်ဆောင်ခဲ့ပါ။
(မိဘများ ကလေးကိုခေါ် ဆောင်ခဲ့စဉ် တပင်တိုင်၊ သံစုံ သို့မဟုတ် ပရိသတ်သီချင်းဆိုစေပါ။ မိဘများနှင့် ကလေးများရှေ့သို့ ရောက်လျှင် အောက်ပါနှစ်သက်ရာကျမ်းစာထဲမှ ရွေးချယ်ဖတ်ပါ။)
* သမ္မာကျမ်းစာ
(မာ ၁၀း၁၄-၁၆၊ မ ၁၈း၁၀၊ တရား ၆း၆-၇၊ လု ၂း၂၁-၂၂၊ ၂၅၊ သု ၂၂း၆၊ ၁ ရာ ၁း၂၀၊ ၂၄-၂၈၊ ၃း၁၉)
* မိဘများအား မှာကြားချက်
မိဘတို့ သင်တို့လက်ဝယ်သို့ ဤသူငယ်ကို ပေးအပ်ထားကြောင့် ကျွန်ုပ် ဝမ်းမြောက်ဝမ်းသာကြပါသည်။ သူငယ်သည် ဘုရားသခင်၏ သွန်သင်ဆုံးမခြင်းကို ခံယူလျက်၊ ခရစ်ယာန် အသက်တာတွင် ဖွံ့ဖြိုးတိုးတက် လာစေရန် ကြိုးစားပါမည်ဟု လူတို့ရှေ့တွင် ဝန်ခံပြောကြားရန်နှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းရန် သူငယ်ကို ဗိမာန်တော်သို့ သင်တို့ခေါ်ဆောင်ခဲ့ကြပြီ။
ဟန္နသည် သူငယ်ရှမွေလကိုလည်းကောင်း ယောသပ်နှင့် မာရိတို့သည် သူငယ်လေးယေရှုကိုလည်းကောင်း ဘုရားရှင်အား ဆက်ကပ် ပူဇော်ရန် ဗိမာန်တော်သို့ ခေါ်ခဲ့ကြောင်း သမ္မကျမ်းတွင် ကျွန်ုပ်တို့ ဖတ်ကြရသည်။ ဤသူငယ်ကိုလည်း အဖဘုရားအား ဆက်ကပ်အပ်နှံဖို့ရန် ဘုရားသခင် အခွင့်ပေးတော်မူသောကြောင့် ဂုဏ်တော်ကို ချီးမွမ်းပါသည်။ ဘုရားသခင်သည် ဤသူငယ်အတွက် ကြံရွယ်ချက်ရှိသည်။ ဤကြံရွယ်ချက်ကို ရှာ၍ အကြံတော်ပြည့်စုံစေရန် ဆောင်ရွက်ခြင်းသည် သင်တို့၏ တာဝန်ဖြစ်သည်။