❮ Prev . . . အခန်း ၅ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ

ဂ။ ကလေးသူငယ်ဆက်ကပ်ဝတ်ပြုခြင်း

ဘုရားသခင်၏ အလိုတော်သည် မိမိအသက်တာတွင် အကြီးမြတ်ဆုံးသော အရာဖြစ်သည်ဟု ဤသူငယ်လက်ခံသည်တိုင်အောင် ပို့ဆောင်လမ်းပြရန် သင်တို့အားတာဝန်နှင့် အခွင့်အရေး ပေးတော်မူပြီ။

ဤတာဝန်အတွက် သင်တို့ကိုယ်ကို ဆက်ကပ်ဖို့ရန် ယနေ့ ဗိမာန်တော်သို့ လာကြရသည်။ သင်တို့၏ ဆက်ကပ်ခြင်းသည် သူငယ်၏ ကြီးပွားတိုးတက်မှုကို များစွာအထောက်အကူ ဖြစ်စေပါသည်။

* မိဘများနှင့် ပဋိညာဉ်ဝန်ခံချက်

သင်တို့၏ ကလေးကို ဘုရားသခင်အား ဆက်ကပ်ကြရာတွင် သူငယ်သိနားလည်သော အရွယ်ရောက်သည်နှင့် ခရစ်ယာန်အသက်တာ၏ အနက်အဓိပ္ပာယ်ကို ဘုရားသခင်၏ စောင်မခြင်းဖြင့် သင်ကြားပြသပါမည်လား။ သွန်သင်ခြင်းဖြင့် လည်းကောင်း၊ ပုံသက်သေအားဖြင့် လည်းကောင်း၊ ညွှန်ကြားလမ်းပြသဖြင့် သူငယ်သည် စဉ်စားဆင်ခြင်နိုင်သော အရွယ်သို့ ရောက်သောအခါ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံ၍ ဘုရားသခင်နှင့် လူသားတို့အတွက် မိမိကိုယ်ကို ဆက်ကပ်သောသူဖြစ်စေဖို့ ပြုစုကြည့်ရှုပါမည်လား။

မိဘများ – ကျေးဇူးတော်ကူမခြင်းအားဖြင့် ကြည့်ရှုပါမည်။

* ပရိသတ်များကို မှာကြားခြင်း

ဤသူငယ်အား သင်ကြားပို့ချမှုကို မိဘများကသာ လုံးဝတာဝန်ယူ၍ မဖြစ်နိုင်ပါ။  ကျွန်ုပ်တို့သည်လည်း တာဝန်ကိုဝေမျှထမ်းဆောင် ကြရပေမည်။ ဤကလေးနှင့် ကလေးအားလုံးတို့အတွက် ခရစ်ယာန် ပတ်ဝန်းကျင် အခြေအနေကို ဝိုင်းဝန်းဖန်တီးမည်ဟု သဘောတူညီသည့် အထိမ်းအမှတ်ဖြင့် အားလုံးမတ်တပ်ရပ်လျက် ဆက်ကပ်ဆုတောင်း ကြပါစို့။

*  ဆက်ကပ်ဆုတောင်းခြင်း

Continue… » »


❮ Prev . . . အခန်း ၅ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.