❮ Prev . . . အခန်း ၅ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ

၁၀။ ဈာပနဝတ်ပြုခြင်း

*  ပဏာမကျမ်းချက်

ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည့်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။

ငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည် အရာမှာ ယခုထင်ရှင်းလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်း အကြောင်းကို ဧဝံဂေလိ တရားအားဖြင့် ထင်ရှားစေတော်မူပြီ။  (၂ တိ ၁း၁၀)

အခြားကျမ်းချက်များ

‘ယေရှုကလည်း၊ ငါသည်ထမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သော သူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။  ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းမှ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကို ယုံသလော့ဟု မေးတော်မူလျှင် မာသက၊ ဟုတ်ပါ၏။ သခင်ဟု လျှောက်၏။’ (ယော ၁၁း၂၅-၂၆)

‘ငါ့ကိုရွေးနုတ်သောသခင်သည် အသက်ရှင်၍ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည်ဟူ၍ လည်းကောင်း၊ ငါ့အရေကုန် ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း ငါသည် ကိုယ်ခန္ဓာ၌ ဘုရားသခင်ကို မြင်မည်ဟူ၍ လည်းကောင်း ငါသိ၏။’ (ယောဘ ၁၉း၂၅-၂၆)

Continue… » »


❮ Prev . . . အခန်း ၅ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.