❮ Prev . . . အခန်း ၅ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ

၁၀။ ဈာပနဝတ်ပြုခြင်း

‘အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှာ ဖောက်ပြန်ခြင်း ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသော အားဖြင့် ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ပွား စေတော်မူသော ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိစေတော်မူသတည်း။’ (၁ ပေ ၁း၃)

‘ရှေးဦးစွာသော ဘုရားသခင်သည် သင်ခိုလှုံရာဖြစ်၍ နိစ္စထာဝရလက်ရုံးတော်ဖြင့် သင့်ကို ထောက်မတော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှနှင်ထုတ်၍ သူတို့ကို ဖျက်ဆီးသော အခွင့်ပေးတော်မူမည်’ (တရား ၃၃း၂၇)

‘စိတ်မသာ ညည်းထွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကာ ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတံ့၏’ (မ ၅း၎)

*   ဆုတောင်းခြင်း

အနန္တမေတ္တာတော်နှင့် ကြွယ်ဝပြည့်စုံတော်မူ၍ စိတ်နှလုံး ကြေကွဲသူတို့ကို နှစ်သိမ့်လျက် မောပန်းနွမ်းနယ် သူတို့ ဖေးမတော်မူသော ဘုရား၊ ကိုယ်တော်သည် သားသမီးတို့ကို အကြောင်းမဲ့ နာကျင်စေသည် မဟုတ်ပါ။ သို့ဖြစ်၍ ယနေ့အလွန် စိတ်ညှိုးငယ်လျက် ရှိသော မိသားစုအိမ်ထောင်ကို သနားကြင်နာသောမေတ္တာနှင့် ကြည့်ရှုတော်မူပါ။ စိတ်နှလုံး ပူဆွေးတုန်လှုပ်နေစဉ် ငြိမ်သက်ခြင်း သက်သာခြင်း ပေးသနားတော်မူပါ။ ကိုယ်တော်၏ ကြွယ်ဝပြည့်စုံတော်မူသော သနာစခြင်း ကရုဏာတော်နှင့် သူတို့ကို ကူမလျက် ခွန်အားနှင့်ပြည့်စေသော်မူပါ။

Continue… » »


❮ Prev . . . အခန်း ၅ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.