❮ Prev . . . အခန်း ၅ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ

၁၀။ ဈာပနဝတ်ပြုခြင်း

စိတ်ပင်ပန်းနွမ်းနယ်ခြင်းကို ခံရပ်နိုင်သော ခွန်အားပေးသနားတော်မူလျက် အနာဂတ်ကို ကိုယ်တော်နှင့်အတူ ရင်ဆိုင်ရန်ကူမတော်မူပါ။ သေခြင်းမှ ထမြောက်တော်မူ၍ လူသားအားလုံး၏ ကယ်တင်ရှင်ဖြစ်တော်မူသော သခင်ခရစ်တော်၏ နာမတော်၌ ဆုတောင်းပါသည် ဘုရား။ အာမင်။

*  ဓမ္မသီချင်းဖြစ်စေ၊ သံစုံသီချင်းဖြစ်စေ သီဆိုခြင်း

*  သမ္မာကျမ်းချက်များ ဖတ်ကြားခြင်း

(နှစ်သက်ရာ ၂ပိုဒ်-၃ပိုဒ်မျှ ရွေးချယ်၍ ဖတ်ရန်)

ယော ၁၄း၁-၆၊ ယော ၁၄း၂၇၊ ၁ သက် ၄း၁၃-၁၈၊ ဗျာ ၇း၉-၁၀၊ ၁၃-၁၇၊ ၁ ကော ၁၅း၂၀-၂၃၊ ၃၅-၃၈၊ ၄၂-၄၉၊ ၅၃-၅၇၊ ရော ၈း၁၈၊ ၂၈၊ ၃၅၊ ၃၇-၃၉၊ ၂ ကော ၄း၁၆ — ၅း၁၀၊ ၁ ပေ ၁း၃-၉၊ ဗျာ ၂၁း၁-၄၊ ၂၂း၁-၅။

*  နှိုးဆော်ခြင်း

*  ဆုတောင်းခြင်း

*  ဓမ္မသီချင်း

*  ကောင်းချီးပေးခြင်း/ကောင်းချီးမင်္ဂလာခံယူခြင်း

ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့် သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကို သေခြင်းမှ နှုတ်ဆောင်တော်မူသော ငြိမ်သက်ခြင်းအရှင် ဘုရားသခင်သည် မိမိနှစ်သက်တော်မူသော အမူအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ ပြုတော်မူ၍ သင်တို့သည် အလိုတော်သို့ လိုက်မည့်အကြောင်း ကောင်းသောအကျင့် အမျိုးမျိုး၌ သင်တို့ကို ပြုပြင်တော်မူပါစေသော။ ထိုသခင်ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (ဟေဗြဲ ၁၃း၂၀-၂၁)

Continue… » »


❮ Prev . . . အခန်း ၅ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.