❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၁၀။ ဈာပနဝတ်ပြုခြင်း
(သို့မဟုတ်)
ငါတို့ကို ကယ်တင်တော်မူသော အရှင်၊ တစ်ဆူတည်းသော ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ယခုမှစ၍ ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိ အာဏာစက် ရှိတော်မူစေသတည်း။ အာမင်။ (ယုဒ ၁း၂၅)
သင်္ချိုင်းအတွင်း၌ သုံးစွဲရန်
* ဓမ္မသီချင်း ကိုယ်တော်နှင့်နီးစေပါ တစ်ပိုဒ်
* ဖတ်ရန်ကျမ်းချက်များ (ရွေးချယ်၍ သုံးပါ)
ထိုသူကို ငါမြင်သောအခါ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည် လက်ျာလက်တော်ကို ငါ့အပေါ်သို့တင်လျက် ကြောက်ရွံ့ခြင်းမရှိနှင့်၊ ငါသည် အဦးဆုံးသောသူ နောက်ဆုံးသော သူဖြစ်၏။ အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက် အသက်နှင့်ပြည့်စုံ၏ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။ (ဗျာ ၁း၁၇-၁၈)
“အိုသေမင်း၊ သင်၏လက်နက်သည် အဘယ်မှာရှိသနည်း။ အို . . . မရဏာနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အားအောင်ခြင်း အခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွာတကား” (၁ ကော ၁၅း၅၅၊ ၅၇)