❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၁၀။ ဈာပနဝတ်ပြုခြင်း
ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ၊ သန့်ရှင်းသောာ မြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင် သတိုးသမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှကြီးသောအသံကား ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏ လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှ တို့ကိုသုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ၊ စိတ်မသာညည်းထွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသော အရာတို့သည် ရွေ့သွားကြပြီ။ (ဗျာ ၂၁း၂-၄)
ညီအစ်ကိုတို့ မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းမနည်းအကြောင်း အိပ်ပျော်သောသူတို့၏ အမူအရာကို မသိဘဲနေစေခြင်းငှာ၊ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှ တစ်ဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင် ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း ထိုသခင်နှင့်အတူ ဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်။ (၁ သက် ၄း၁၃-၁၄)
‘သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။’ (က ၃း၁၉)
ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေကြီးသို့ လည်းကောင်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင်ထံသို့လည်းကောင်း၊ ပြန်သွားရလိမ့်မည်။ (ဒေ ၁၂း၇)