❮ Prev . . . အခန်း ၅ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ

၁၀။ ဈာပနဝတ်ပြုခြင်း

တစ်ဖန်တုံ ကောင်းကင်အသံကား ယခုမှစ၍ သခင်ဘုရား၌ သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏ ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်း ရှိ၍ သူတို့၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြမည်ဟု မိန့်တော်မူ၏။ (ဗျာ ၁၄း၁၃)

*  ဆုတောင်းခြင်း

*  သံစုံကျူးအေးစဉ် အလောင်းကို မြေသို့ချပါ။

*  မြေမြှုပ်နှံစဉ် ရွတ်ဆိုရ

စကြဝဠာနှင့် ကမ္ဘာမိုးမြေကို ဖန်ဆင်းစိုးစံတော်မူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ ထံတော်ပါးသို့ ဦး/ဒေါ် ______________ ၏ ဝိညာဉ်သည် ဤယာယီတဲဖြစ်သော မြေအိမ်မှ လူ့လက်ဖြင့်အလုပ်၊ နိစ္စထာဝရတည်တော်မူသော နိုင်ငံတော်သို့ ဝင်စားဖို့ရန် ခေါ်တော်မူခြင်း ကိုခံရသည့်အတိုင်း ပြန်သွားပြီဖြစ်သောကြောင့် ကျန်ကြွင်းသော ရုပ်အလောင်းကို မြေကြီးဖြစ်၍ မြေကြီးသို့လည်းကောင်း၊ မြေမှုန့်ဖြစ်၍ မြေမှုန့်သို့လည်းကောင်း၊ အရာခပ်သိမ်းကို သိမြင်သော သခင်ယေရှုခရစ်၏ တန်ခိုးတော်အားဖြင့် ဤပုပ်တတ်သော ခန္ဓာကိုယ်သည် ပြောင်းလဲ၍ အသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာနည်းတူ ဖြစ်စေတော်မူမည်ဟု ယုံကြည်စိတ်ချလျက် သင်္ဂြိုဟ်အပ်နှံပါ၏။

*  ဓမ္မသီချင်း – ညဦးအချိန်ရှိပြီ တစ်ပိုဒ်ဆိုရန်

*  ကောင်းချီးပေးခြင်း/ကောင်းချီးမင်္ဂလာခံယူခြင်း

မှတ်ချက်။  ။ ဈာပနကိစ္စနှင့် စပ်လျဉ်း၍ အိမ် သို့မဟုတ် ဘုရားရှိခိုးကျောင်း၌ ပြုလုပ်တတ်သော ဝတ်ပြုစည်းဝေးနှင့် သင်္ချိုင်း၌ ပြုလုပ်သော ဝတ်ပြုကိုးကွယ် စည်းဝေးဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ထိုစည်းဝေးများ၏ အစီအစဉ်ကို သင့်သလိုလုပ်နိုင်သည် နှစ်မျိုးစလုံးကို သင်္ချိုင်း၌ ရော၍ ပြုလုပ်နိုင်သည်။

Continue… » »


❮ Prev . . . အခန်း ၅ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.