❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯
ဒုတိယပိုင်း
အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ
၁၁။ ကလေးသူငယ်များအတွက် ဈာပနဝတ်ပြုခြင်း
* ပဏာမကျမ်းချက်များဖတ်ရန်
ယော ၁၁း၂၅-၂၆၊ ဟေရှာ ၄၀း၁၁၊ ဆာ ၁၀၃း၁၃
ယေရှုကလည်း ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း အသက်ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှ တို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်ည်။ ငါ့စကားကို ယုံသလောဟု မေးတော်မူလျှင် မာသက ဟုတ်ပါ၏။ သခင်ဟုဖြေဆို၏။
မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသူငယ်တို့ကိုချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညင်းစွာ ပို့ဆောင်တော်မူမည်။
အဖသည် သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
* ဓမ္မသီချင်း
* ဆုတောင်းခြင်း
* ကျမ်းစာဖတ်ခြင်း
(အောက်ပါကျမ်းချက်များမှ ရွေးယူပါ)
ဆာ ၂၃၊ မ ၁၈း၁၀-၁၄၊ မာ ၁၀း၁၃-၁၆၊
ယော ၁၄း၁-၆၊ ၁၇-၂၇၊ ဇာခရိ ၈း၅၊ ဗျာ ၂း၁၄
လိုအပ်ပါက တရားဒေသနာ
* ဆုတောင်းခြင်း
* ဓမ္မသီချင်း
* ကောင်းချီးပေးခြင်း/ကောင်းချီးမင်္ဂလာခံယူခြင်း
ထာဝရဘုရားသည် သင့်ကိုမျှော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသော။