❮ Prev . . . အခန်း ၅


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ

၁၁။ ကလေးသူငယ်များအတွက် ဈာပနဝတ်ပြုခြင်း

သင်္ချိုင်း၌ မြေအပ်နှံရန်

 *  ပဏာမကျမ်းချက်များဖတ်ရန်

သူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။ (မာ ၁၀း၁၄)

ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။ (မ ၁၈း၁၄)

ငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ်သည် သေခြင်းအကြောင်းကို ပယ်ရှား၍ အသက်ရှင်ခြင်းအကြောင်းနှင့် အဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။ (၂ တိ ၁း၁၀)

*  ဓမ္မသီချင်းဆိုနေစဉ် အလောင်းကိုမြေသို့ချရန်

*  မြေအပ်စဉ်ဆိုရန်

အနန္တတန်ခိုးရှင် ထာဝရဘုရားသည် ကြီးမားသော ကရုဏာရှိတော်မူသည့်အတိုင်း အလိုတော်နှင့်အညီ ဤသူငယ်၏ ဝိညာဉ်ကို အထံတော်သို့ ခေါ်တော်မူပြီဖြစ်သောကြောင့် အရာခပ်သိမ်းတို့ကို အောင်မြင်တော်မူသော သခင်ယေရှုခရစ်၏ တန်ခိုးတော်အားဖြင့် မိမိ၏ ကိုယ်ခန္ဓာကို ပြောင်းလဲစေ၍ ထာဝရအသက်ရှင်ခြင်း အလို့ငှာ ရှင်ပြန်ထမြောက်စေတော်မူမည်ဟု စိတ်ချယုံကြည်လျက် ဤသူငယ်၏ ကိုယ်ခန္ဓာကို မြေမှဖြစ်၍ မြေသို့လည်းကောင်း၊ မြေမှုန့်ဖြစ်၍ မြေမှုန့်သို့်လည်းကောင်း အပ်နှံပါ၏။

*  ဆုတောင်းခြင်း

*  ကောင်းချီးပေးခြင်း/ကောင်းချီးမင်္ဂလာခံယူခြင်း

သခင်ယေရှုခရစ်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာယတော်သည် သင်တို့ အပေါင်း၌ ရှိစေသတည်း။ အာမင်။

§


❮ Prev . . . အခန်း ၅

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.