❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၁) အသင်းတော်

၂။ အသင်းတော် မင်္ဂလာဝတ်နှစ်ပါး

ခ။ သဘောတရား အနက်အဓိပ္ပါယ်
(၁) နှစ်ခြင်းမင်္ဂလာဝတ်

(ခ) ခရစ်တော်အား မိမိ၏ ကယ်တင်ရှင်ဟု ဝန်ခံပြီး ခရစ်ယာန်ဟု အမည်ခံ၍ အသက်ရှင် လိုသော သူသည် နှစ်ခြင်းအသင်းတော်သို့ ဝင်လိုပါက နှစ်ခြင်းတို့၏ အခြေခံ ယုံကြည်ချက်များကို လက်ခံရမည်။ ဤယုံကြည်ချက် များကို လက်ခံပြီးသည့်နောက် ထိုသူအား ရေ၌ နှစ်ခြင်းမင်္ဂလာ ပေးပြီး အသင်းတော်ဘောင်သို့ သွင်းပေးသည်။ ဤသည်ကား နှစ်ခြင်း အသင်းတော်၏ ကျင့်သုံးသည့် အစဉ်အလာ ဖြစ်သည်။ ခရစ်တော်ကို ယုံကြည်ပြီး နှစ်ခြင်း အသင်းတော်သို့ ဝင်လာသောအခါ ရေ၌ နှစ်ခြင်းမင်္ဂလာ ပေးသည်မှ တစ်ပါး အခြား သင်္ကေတဖြစ်သော ဖြန်းခြင်း အမှုကို မပြုပါ။ ရေ၌ နှစ်၍ မင်္ဂလာပေးခြင်း ခံရသူသည် ထိုအချိန်မှစ၍ ‘နှစ်ခြင်းခရစ်ယာန်” ဟု အခေါ် ခံရပြီး နှစ်ခြင်း အသင်းတော်ဝင် ဖြစ်လာ ပါသည်။

အထက်ပါ သဘောသည် ဓမ္မသစ်ကျမ်းကို အခြေခံထား ပါသည်။ ခရစ်တော်ဘုရားသည် မိမိ၏ အမှုတော်ကို မစမှီ နှစ်ခြင်း ဆရာယောဟန် ပေါ်လာသည်။ သူသည် နောင်တရာပြီး အပြစ်မှ လွတ်မြောက်ရေး အတွက် ရေ၌ နှစ်သော မင်္ဂလာကို ယူကြလော့၊ တတ်စွမ်းနိုင်သော သူသည် လာဦးမည် ဆိုသော တရားကို ဟောခဲ့သည်။ ထိုသူသည် လူတို့အား သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် နှစ်ခြင်းမင်္ဂလာကို ပေးမည်ဟု ပြောခဲ့သည်။ ခရစ်တော် ကြွလာတော်မူ သည့်အခါ ယောဟန်လက်ထဲ၌ နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့သည်။

ထိုသူသည် လူတို့အား သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် နှစ်ခြင်းမင်္ဂလာကို ပေးမည်ဟု ပြောခဲ့သည်။ ခရစ်တော် ကြွလာတော် မူသည့်အခါ ယောဟန် လက်ထဲ၌ နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့သည်။ ရေမှ ကိုယ်တော် ထွက်လာ သည့်အခါ ကောင်းကင်မှ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော်၏ ကိုယ်ပေါ်သို့ ဆင်းသက်၍ ခရစ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်ကြောင်း အသိအမှတ် ပြုခဲ့သည်။ သခင် ခရစ်တော်သည် ယောဟန်လက်တွင် ယော်ဒန် မြစ်၌ နှစ်ခြင်းမင်္ဂလာ ခံယူ၍ ဘုရားသခင်၏ သားတော်ဟု ဝိညာဉ်တော် အားဖြင့် အသိအမှတ် ပြုခြင်းခံရသည့် အတိုင်း ယနေ့ နှစ်ခြင်းခရစ်ယာန်များ သည်လည်း ကိုယ်တော်နည်းတူ ရေ၌ နှစ်ခြင်းမင်္ဂလာကို ခံယူကြလေသည်။

Continue… » »


❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.