❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၁) အသင်းတော်

၂။ အသင်းတော် မင်္ဂလာဝတ်နှစ်ပါး

(၂) ပွဲတော် မင်္ဂလာဝတ်

(က) သခင်ဘုရား မိန့်တော်မူသော အချက် –

(၁) မင်္ဂလာဝတ်သည် ကိုယ်တော်ရှင် ကိုယ်တိုင် မိန့်မှာတော် မူခဲ့သည်။

(၂) မင်္ဂလာဝတ်သည် လူတစ်စု အတွက်သာ မဖြစ်စေဘဲ၊ ယုံကြည်သူ တပည့်တော်များ အားလုံး အတွက် ဖြစ်ရမည်။

(၃) မင်္ဂလာဝတ်သည် ခရစ်တော်ရှင်၏ တပည့်တော်များ လိုက်လျှောက် ကျင့်သုံးသော ကနဦး ဓမ္မသစ် အသင်းတော်မှ ကျင့်သုံးခဲ့သော အမှုဖြစ်သည်ကို ယုံကြည်ရမည်။

(၄) မင်္ဂလာဝတ်သည် ခရစ်တော်ဘုရား၏ အပြစ်သားများ အတွက် အသက်တော် စွန့်ခြင်းနှင့် အပြစ်မှ ရွေးနှုတ်ခြင်းဟု ခရစ်တော်ဘုရား မိန့်မှာတော် မူခဲ့သည်။

(ခ) ပွဲတော် မင်္ဂလာဝတ်ကို ယုံကြည်သူ တပည့်တော်များ ခံယူရမည့် အချက်များ –

(၁) မင်္ဂလာဝတ်ကို သခင်ဘုရား အတူရှိနေခြင်း

(၂) ကျေးဇူးတော် ချီးမွမ်းခြင်း၊

(၃) ကိုယ်တော်နှင့် မိဿဟာယ ဖွဲ့ခြင်း၊

(၄) အသင်းသူ အသင်းသားများ အချင်းချင်း အသွေးတော်နှင့် ဆက်ဆံခြင်း အားဖြင့် သခင်ဘုရား၌ တစ်လုံးတစ်ဝတည်း သဘောဖြင့် မိဿဟာယ ဖွဲ့ခြင်း၊

(၅) ပွဲတော် ခံယူသူ၏ အားနည်းချက်ကို ဝန်ခံခြင်းနှင့် ဆက်ကပ်ခြင်း၊

(၆) ပွဲတော်မုန့်နှင့် စပျစ်ရည်ကို ဆက်ခံ ရခြင်းအားဖြင့် အသက်ဝိညာဉ် ခွန်အားပြည့်ဝ စေခြင်း။

Continue… » »


❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.