❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် ၁ အခန်း ၂ ၃ ၄ . . . Next ❯
ပထမပိုင်း
အခန်း (၂) အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်း
၂။ အသင်းတော်ဖွဲ့စည်းခြင်း
ခ။ ကြိုတင်ပြင်ဆင်မှု
နှစ်ခြင်းအသင်းတော် တစ်ပါးအဖြစ် ရပ်တည်နိုင်ရန် အထက်ပါ အချက်အလက် တို့နှင့် ပြည့်စုံသောအခါ အောက်ပါ ကြိုတင်ပြင်ဆင်မှုများ ပြုရပါမည်။
(၁) တပည့်တော်စု အနေနှင့် ကမကထပြု အသင်းတော်မှ ခေါင်းဆောင်များ ပါဝင်လျက် ဆွေးနွေး ညှိနှိုင်းမှု ပြုပြီး အသင်းတော် တစ်ပါးအဖြစ် ဖွဲ့စည်း တည်ထောင်ရန် ဆန္ဒရှိကြောင်း ဆုံဖြတ်ချက် ချရပါသည်။
(၂) ယင်းဆုံးဖြတ်ချက်ကို ကမကထ ပြုသော အသင်းတော်သို့ တင်ပြ၍ အတည်ပြုချက်ကို ခံယူရပါမည်။ အသင်းတော် ဖွဲ့စည်းရေး အတွက် အကြို သင်းလုံးကျွတ် စည်းဝေးနှင့် ဖွဲ့စည်း တည်ထောင်မည့် စည်းဝေးနေ့ရက်၊ အချိန်၊ ဒေသတို့ကို သတ်မှတ် ရပါမည်။
(၃) အတည်ပြုချက် ရရှိပြီးသောအခါ ထိုဖွဲ့စည်း တည်ထောင်မည့် အသင်းတော်အနေဖြင့် ခံယူကျင့်သုံးမည့် အခြေခံ စည်းမျဉ်းဥပဒေ ရေးဆွဲရေး အဖွဲ့ကို ခန့်ထားတာဝန် အပ်နှင်း ရပါမည်။
(၄) အခြေခံ စည်းမျဉ်း မူကြမ်းပုံ ပေါ်လာ သောအခါ အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက် နိုင်ရေး အတွက် လျာထားရေးအဖွဲ့ တစ်ခု၊ ခန့်ထားလျက် တာဝန်အပ်နှင်း ရပါမည်။
(၅) တစ်ချိန်တည်းမှာပင် အသင်းတော်သစ် တည်ထောင်ရာတွင် အသင်းသားအဖြစ် ပါဝင်ရန် ဆန္ဒရှိသူတို့ အနေနှင့် သက်ဆိုင်ရာ မိခင် အသင်းတော် တို့ထံမှ သင်းပြောင်းစာ အချိန်မီ ရောက်ရှိနိုင်ရန် ကြိုတင်တောင်းခံ ကြရပါမည်။
(၆) ဤသို့ လုပ်ဆောင်မှုကို နယ်သာသနာ အဖွဲ့/ အဖွဲ့ချုပ်တို့ အနေနှင့် သိရှိနိုင်ရန် ကြိုတင် အကြောင်းကြား အသိပေး သင့်ပါသည်။ လိုအပ်သော အကူအညီကို တောင်းသင့်ပါသည်။
. . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် ၁ အခန်း ၂ ၃ ၄ . . . Next ❯