❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် ၁ အခန်း ၂ ၃ ၄ . . . Next ❯
ပထမပိုင်း
အခန်း (၂) အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်း
၃။ ပူးပေါင်း ဆက်သွယ်ခြင်း
အသင်းတော် ဖွဲ့စည်း တည်ထောင် စဉ်ကပင် ပတ်ဝန်းကျင်ရှိ အသင်းတော်မျာ၊ သက်ဆိုင်ရာ သာသနာ အဖွဲ့အစည်းများ ပါဝင်လျက် ဘုရားရှေ့၊ လူရှေ့တွင် ဖွဲ့စည်းခြင်း ဖြစ်၍ တရားဝင် သည်သာမက၊ အသိအမှတ် ပြုရာ ရောက်ပါသည်။ ထိုမျှမက အသင်းတော်သည် တစ်ပါးတည်း ရပ်တည်ခြင်းထက် အချင်းချင်း စုပေါင်း၍ အပြန်အလှန် ယိုင်းပင်း ကူညီ၍ ဓမ္မဝတ် လောကတို့တွင် ထမ်းရွက်စရာ ဝန်ချင်းတို့ကို အချင်းချင်း ကူညီထမ်းရွက် နိုင်အံ့ငှာ၊ နယ်အသင်းတော် များအဖွဲ့ တစ်ပါးပါးနှင့် ဆက်သွယ်မှု ပြုရပါမည်။
ထိုသို့ နယ်အသင်းတော်များ အဖွဲ့တွင် အဖွဲ့ဝင် အသင်းတော် တစ်ပါးအဖြစ် ပါဝင်ခြင်းဖြင့် အဖွဲ့ချုပ် အသင်းချုပ် တို့မှအစ၊ သာသနာ အဖွဲ့အစည်းများနှင့် လက်တွဲ ဝန်ထမ်းခွင့် ရှိလာမည် ဖြစ်ပါသည်။
အသင်းတော် သစ်သည် မည်သည့် နယ်အသင်းတော် များနှင့် ပေါင်းစည်း လိုကြောင်း ဆုံးဖြတ်သည့်အတိုင်း သက်ဆိုင်ရာအဖွဲ့ ဝင်သည် အသင်းတော် သစ်အား မိမိတို့ အဖွဲ့ဝင် အသင်းတော် တစ်ပါးအဖြစ် ပါဝင်ခွင့် ပြုရန် အမှုဆောင် အဖွဲ့သို့ လျှောက်လွှာတင်သွင်း ရပါမည်။
နယ်အသင်းတော် များအဖွဲ့၏ အမှုဆောင်အဖွဲ့ အနေနှင့် လက်ခံရရှိသော လျှောက်လွှာကို စိစစ်ပြီး၊ ထောက်ခံချက် နှင့်အတူ စည်းကမ်းနည်းလမ်း များနှင့်အညီ သင်းလုံးကျွတ် စည်းဝေးသို့ တင်သွင်းပေးမည် ဖြစ်ပါသည်။ အဖွဲ့ဝင် အသင်းတော် တစ်ပါးအဖြစ် ကမကထ ပြုသော အသင်းတော်၏ သင်းလုံးကျွတ် စည်းဝေးကိုသာ လက်ခံပိုင်ခွင့် ရှိပါသည်။
လက်ရှိ စည်းကမ်းများ အရ နှစ်ခြင်းခရစ်ယာန် အသင်းတော် တစ်ပါးသည် နယ်အသင်းတော် များအဖွဲ့ တစ်ပါးပါးတွင် အဖွဲ့ဝင် အသင်းတော် ဖြစ်ခြင်းဖြင့် သက်ဆိုင်ရာ အဖွဲ့ချုပ်တွင် အလိုအလျောက် ပါဝင်ပြီး ဖြစ်ကြောင်း သိရှိ အပ်ပါသည်။
❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် ၁ အခန်း ၂ ၃ ၄ . . . Next ❯