❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၂) အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်း

၅။ အသင်းတော် ကောင်စီ | ကော်မတီ
က။ အသင်းတော် အရာရှိများ
(၁) ဥက္ကဌ၊ သဘာပတိ

အစဉ်အလာ အရ သင်းအုပ် ဆရာသည် အသင်းတော်၏ ဥက္ကဌ/သဘာပတိ ဖြစ်ပါသည်။ သို့သော် အသင်းအုပ်၏ တာဝန်နှင့် သူ၏ လွတ်လပ်စွာ အကြံပြု နိုင်ရေးတို့ကို ထောက်ရှု ပြီး ယခုအခါ အချို့သော အသင်းတော် များတွင် အသင်းတော် လူကြီး တစ်ဦးဦးကို သဘာပတိ အဖြစ်ဖြင့် ရွေးကောက် ခန့်ထားခြင်းကို အတည်ပြု ကျင့်သုံး နေပါပြီ၊ နှစ်မျိုးစလုံးပင် အကျိုးအမြတ် ရှိသကဲ့သို့ တစ်ခါတစ်ရံ တွင်လည်း အကျိုးဆုတ်ယုတ်မှု ရှိတတ်ပါသည်။ အချို့ အသင်းတော်၌ သင်းထောက်အဖွဲ့ ဥက္ကဌ ကို အသင်းတော် သဘာပတိ အဖြစ် ခန့်ထားတတ် ကြသည်။ သဘာပတိ၏ တာဝန်သည် အသင်းတော် ကောင်စီနှင့် အသင်းတော် အလုပ်စည်းဝေး များတွင်သဘာပတိ အဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။ အဖွဲ့နှင့် ကော်မတီ များတွင် အကြံပေး အဖြစ်ဖြင့် ပါဝင်နိုင် စေသည်။ ဥက္ကဌ/ သဘာပတိ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် အသင်းတော်၏ အခြေအနေ အရ၊ ဒု-ဥက္ကဌ တစ်ဦး (သို့) နှစ်ဦး ခန့်ထားနိုင်သည်။

(၂) အသင်းတော် အတွင်းရေးမှူး

အသင်းတော် တစ်ပါးသည် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အသင်းတော်၏ အတွင်းရေးမှူး လိုအပ်ပါသည်။ သူ၏ တာဝန်သည် ဥက္ကဌနှင့် တိုင်ပင်ညှိနှိုင်းကာ မှတ်တမ်းရေးခြင်း၊ ဝင်စာထွက်စာများ လက်ခံခြင်း၊ ဖြန့်ဝေခြင်း၊ အရေးကြီးသော စာရွက်စာတမ်းများ၊ သိမ်းဆည်းခြင်း၊ အသင်းတော် စာရင်းပြုစုခြင်း အစရှိသော ရုံးလုပ်ငန်းများ ဖြစ်ပါသည်။ ဤအမှုများ အတွက် သူသည် သေချာတိကျ စိတ်ချရသော သူဖြစ်ရပါမည်။ သူ့အား အသင်းတော်၏ သဘောတူ အတည်ပြုခြင်းဖြင့် ခန့်ထားနိုင်သည်။ အခြားအရာရှိများ ကဲ့သို့ အသင်းတော်၏ စည်းမျဉ်းအရ နှစ်ကာလ အပိုင်းအခြားလိုက် ရွေးကောက်တင်မြှောက် ရပါမည်။ အတွင်းရေးမှူးကို အသင်းတော် အတွင်းရေးမှ လုပ်နိုင်စွမ်းရှိသော သာမန် အသင်းသား ထဲမှ ရွေးကောက်တင်မြှောက် နိုင်ပါသည်။ အတွင်းရေးမှူးအား အထောက်အကူ ဖြစ်စေရန် တွဲဖက် အတွင်းရေးမှူး တစ်ဦး (သို့) နှစ်ဦး ခန့်ထား နိုင်ပါသည်။

(၃) ဘဏ္ဍာထိန်း

ဘဏ္ဍာ ထိန်းသည် အသင်းတော်၏ အလှူငွေကို အတည်ပြု လက်ခံထားသော ရသုံးခန့်မှန်းခြေစာရင်း (ဘတ်ဂျက်) အတွင်း တိကျမှန်ကန် ရှင်းလင်းစွာ ရေးမှတ် ထိန်းသိမ်းသူ ဖြစ်ပါသည်။ လိုအပ်လာသော အချိန်တိုင်း ဘဏ္ဍာရေး အခြေအနေ မှန်ကို ပြောပြရန်နှင့် တစ်ကြိမ်နှစ်ကြိမ် အသင်းတော်မှ စစ်ဆေးစေပြီး၊ ဘဏ္ဍာရေး ရှင်းတမ်းကို တင်ပြရန် တာဝန်ရှိ ပါသည်။ အသင်းတော် အတော်များများတွင် ငွေးရေးကြေးရေးကြောင့် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လေ့ရှိရာ ဘဏ္ဍာထိန်းကို သတိကြီးစွာ ရှိသူ၊ သစ္စာသမာဓိ ရှိသူကို ရွေးချယ် ခန့်ထား ရပါမည်။ သူသည် ဘဏ္ဍာရေး အဖွဲ့၏ တာဝန်ခံ ဖြစ်ပါသည်။ အသင်းတော်၏ ဘဏ္ဍာရေး အဖွဲ့၌ အဖွဲ့ဝင်သာမဟုတ်၊ တာဝန်ခံ ကော်မတီ ဥက္ကဌ အဖြစ် ပါဝင်ရမည်။ ဘဏ္ဍာထိန်းအား အထောက်အကူ ဖြစ် စေရန် လက်ထောက် ဘဏ္ဍာထိန်း (သို့) စာရင်းကိုင် တစ်ဦး ခန့်ထား နိုင်ပါသည်။

Continue… » »


❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.