❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၁) အသင်းတော်

၁။ အနက်အဓိပ္ပါယ်

က။ ဒေသန္တာရ အသင်းတော် Local Church
(၂) ဒေသန္တာရ အသင်းတော်၏ အခွင့်အာဏာ

ဒေသန္တာရ အသင်းတော်များသည် မိမိ အသင်းတော် များအတွင်း ခံယူ သတ်မှတ်ထားသော ယုံကြည်ချက်နှင့် ကျင့်သုံးမှု များအရ လည်းကောင်း၊ အသင်းတော်မှ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်း ကျင့်ထုံး များအရ လည်းကောင်း၊ လွတ်လပ်စွာ ကျင့်သုံးနိုင်ခွင့် ရှိသည်။ ၎င်းပြင် မိဿဟာယ ဖွဲ့ထားသည့် အခြား ဒေသန္တာရ အသင်းတော်များအား ကူညီမစခြင်း၊ အကူအညီ တောင်းခံခြင်း စသည့် အပြန်အလှန် မှီခိုမှု ရှိစေရမည်။

အသင်းတော်သည် တစ်ဦးတစ်ယောက် အပေါ်၌သာ တရားဥပဒေ စည်းကြပ်ရန် မဟုတ်ပါ။ ယုံကြည်သူ အပေါင်းတို့ ချစ်ခင်ရင်းနှီးစွာ အချင်းချင်း ရိုသေလေးစားလျက် ပေါင်းသင်းနေထိုင် ကြသည်။ မည်သူကမျှ တစ်ဦးပေါ်တစ်ဦး အနိုင်အထက်ပြုခြင်း၊ စီရင် ဆုံးဖြတ်ခြင်း အခွင့်အာဏာ သုံးခြင်းမပြုဘဲ တန်းတူရည်တူ ညီရင်းအစ်ကိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းတိုင်ပင်လျက် အချင်းချင်း တစ်ဦးအစေကို တစ်ဦး ခံကြသည်။

Continue… » »


❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.