❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၁) အသင်းတော်

၂။ အသင်းတော် မင်္ဂလာဝတ်နှစ်ပါး

ခ။ သဘောတရား အနက်အဓိပ္ပါယ်
(၂) ပွဲတော် မင်္ဂလာဝတ်

ပွဲတော် မင်္ဂလာ ဆိုသည်မှာ ခရစ်တော် ဘုရားသည် တပည့်တော်များနှင့် ကျင်းပခဲ့သော နောက်ဆုံး မင်္ဂလာပွဲ ဖြစ်သည်။ ခရစ်ဝင် သုံးစောင်နှင့် ကောရီန္တု သြဝါဒစာတွင် ပွဲတော်မင်္ဂလာ အကြောင်းကို ဖော်ပြထားပါသည်။ ဤပွဲတော် မင်္ဂလာသည် ခရစ်တော် ကိုယ်တိုင် စီစဉ် ခဲ့သော အမှုဖြစ်ပါသည်။ ဤကဲ့သို့ ကိုယ်တော်သည် စားပွဲ၌ လျောင်းတော်မူ၍ ညစာကို တပည့်တော် တစ်ကျိပ်နှစ်ပါးနှင့် သုံးဆော်တော် မူပြီးနောက် ကိုယ်တော် မိန့်တော်မူ ခဲ့သည့် စကားမှာ ‘ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့’ (လှကာ ၂၂း၁၉-၂၀၊ ၁ ကော ၁၁း၂၄) ဆိုသော အချက်ပင် ဖြစ်သည်။

ဤမိန့်တော်မူ ချက်ကို နှစ်ခြင်းခရစ်ယာန် များသည် တိုက်ရိုက် အဓိပ္ပါယ်ကောက်ယူကာ ပွဲတော်မင်္ဂလာဝတ်ကို အသင်းတော်အတွင်း ကျင်သုံးသည့် အခါတွင် ကိုယ်တော်ကို အောက်မေ့ဖို့က လွဲ၍ အခြား ဓမ္မာသဘောကို ဖော်ထုတ်ခြင်း မပြုပါ။ များသောအားဖြင့် ကိုယ်တော်၏ သက်တော်စဉ် (Life) အမှုတော်မြတ် (Ministry) သေခြင်း (Death) နှင့် ရှင်ပြန်ထမြောက်တော် မူခြင်း (Resurrection)၊ တက်ကြွတော်မူခြင်း (Ascension) ပင်တေ ကုတ္တေ ပွဲနေ့ (Pentecost) ကိုအောက်မေ့ပြီး ကျင်းပခြင်းသာ ဖြစ်သည်။ တစ်လတစ်ကြိမ် ကျင်းပ ခြင်းသည် မူသေမဟုတ်ပါ။ အကြိမ် သတ်မှတ်ခြင်းသည် ကျင်းပသော အသင်းတော်နှင့် ဆိုင်ပါသည်။

ကိုယ်တော်အား အောက်မေ့ဖို့သာ ဖြစ်သောကြောင့် နှစ်ခြင်း တို့အတွက် မုန့်သည် ကိုယ်တော်၏ ခန္ဓာကို သတိရစေ သကဲ့သို့ စပျစ်ရည်သည် အသွေးတော်ကို သတိရစေခြင်း ဖြစ်သည်။ နှစ်ခြင်း၏ ထူးခြားချက်တွင် မင်္ဂလာဝတ် နှစ်ပါးသာ ရှိပါသည်။ ဖော်ပြခဲ့သည့် နှစ်ခြင်း မင်္ဂလာဝတ်နှင့် ပွဲတော်မင်္ဂလာဝတ်တို့ ဖြစ်ပါသည်။ သခင်ဘုရား ပေးတော်မူသော ပွဲတော်မင်္ဂလာကို အဓိပ္ပါယ် ဖော်ရာတွင်လည်း အောက်ပါ အကြောင်း ကြီးနှစ်ချက်ကို အခြေခံထားပါသည်။

Continue… » »


❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.