❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၁) အသင်းတော်

၁။ အနက်အဓိပ္ပါယ်

ခ။ စကြဝဠာ အသင်းတော် Universal Church

စကြဝဠာ ဖြစ်သော ဒေသန္တာရ အသင်းတော်သည် ခရစ်တော်ယေရှု ယူဆောင်လာသော အသက်တာ သစ်ကို ရရှိ၍ အသစ် ဖန်ဆင်းခြင်း ခံရပြီးသော လူသစ်များ ‘သတ္တဝါသစ်’ (၂ ကော ၅း၁၇) အသက် ဝိညာဉ်ရေး ဆိုင်ရာ စုဝေးရာ အရပ် (ဝိညာဉ် အစုအဝေး) ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်ပါသည်။ ၎င်းကို ခရစ်ယာန် တို့က စကြဝဠာ အသင်းတော်၊ မျက်မြင်မရသည့် အသင်းတော်၊ ဝိညာဉ်ဆိုင်ရာ အသစ်ဖြစ်ခြင်း စသည်ဖြင့် ခေါ်ဝေါ်ကြသည်။

ခရစ်တော်၏ ကိုယ်တည်းဟူသော အသင်းတော်ကို ဒေသန္တာရ အသင်းတော်ဖြင့် ကန့်သတ်ထား၍ မရပါ။ ဒေသန္တာရ အသင်းတော် တစ်ပါးသည် မျက်မြင်မရသော ခရစ်တော်၏ ကိုယ်ခန္ဓာ၊ သို့မဟုတ် စကြဝဠာ အသင်းတော်ကြီးကို အကောင်အထည်ဖော် အသက်ရှင် နေသော အချုပ်အခြာ ကိုယ်ခန္ဓာ ဖြစ်ပါသည်။ ထို့အပြင် ခရစ်တော် ယေရှုဘုရား နှုတ်ကပတ်တော် သက်စမ်းရေ အစဉ်အမြဲ စီးဆင်းလျက် ရှိရာအရပ်လည်း ဖြစ်၏။

ဒေသန္တာရ အသင်းတော်သည် အသင်းတော် တစ်ပါး အတွင်း၌ သက်ရှင်လှုပ်ရှား ခြင်းဖြင့်သာမက၊ အခြားသော ညီအစ်ကို အသင်းတော်များနှင့် လက်တွဲ၍ နယ်စည်းဝေး၊ လူမျိုးစုနှင့် ဒေသန္တာရ စည်းဝေး၊ ပြည်လုံးနှင့် ကမ္ဘာအထိ ပူးပေါင်း သာသနာ ပြုခြင်းဖြင့် ဖော်ပြပါသည်။ အခြား ခရစ်ယာန် ဂိုဏ်းဂဏ များနှင့် ပူးပေါင်းဆက်ဆံ ပေါင်းသင်းခြင်း အားဖြင့်လည်း စကြဝဠာ အသင်းတော် ဖြစ်ကြောင်း ထင်ရှားစေသည်။ ဤသို့ အသင်းတော် တစ်ဦး အနေဖြင့် လည်းကောင်း၊ အသင်းတော် တစ်ပါး အနေဖြင့် လည်းကောင်း၊ ခရစ်တော်၌ အတူတကွ တိုးတက်ကြီးပွား ရင့်သန်လာကြ ပါသည်။ အမှန်တကယ် အားဖြင့် ဤသို့ ဆက်သွယ်ခြင်း၊ ပူးပေါင်းဆောင်ရွက် ခြင်းသည် ဒေသန္တာရ အသင်းတော် တစ်ပါး၏ လွတ်လပ်မှုနှင့် အချုပ်အခြာ ဖြစ်ခြင်းကို ပို၍ ကျယ်ပြန့် စေပါသည်။

Continue… » »


❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.