❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၂) အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်း

၅။ အသင်းတော် ကောင်စီ | ကော်မတီ

ဂ။ ကော်မတီနှင့် မိဿဟာယ အဖွဲ့အစည်းများ

အသင်းတော်၏ လုပ်ငန်း တစ်ရပ်လုံးကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန် ကော်မတီနှင့် မိဿဟာယ အဖွဲ့များ အတွက် သဘာပတိများ ခန့်ထား ဖွဲ့စည်း၍ ဆောင်ရွက် သင့်ပါသည်။

ကော်မတီများ

(၁) ဧဝံဂေလိ ကော်မတီ
(၂) ဓမ္မပညာ ကော်မတီ
(၃) ဘဏ္ဍာရေးနှင့် ပစ္စည်းထိန်း ကော်မတီ
(၄) ခရစ်ယာန် ဝန်ထမ် ကော်မတီ
(၅) ဓမ္မသံစုံ ကော်မတီ
(၆) စာရင်းစစ် (၁) သို့မဟုတ် (၂)
(၇) အကြံပေး အရာရှိ (၂) ဦး
(၈) မိဿဟာယ အဖွဲ့များ အမျိုးသား/ အမျိုးသမီး/ လူငယ်အဖွဲ့များမှ သဘာပတိ(သို့) ကိုယ်စားလှယ် တစ်ဦးစီပါဝင်ကြပါမည်။

မှတ်ချက် ။ ။ အထက်ပါ ကော်မတီ အဖွဲ့အစည်း များတွင် သက်ဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်၍ စိတ်ဝင်စား သူများနှင့် ကျွမ်းကျင်သူများ (၃ဦး မှ ၅ဦး) ထိ ပထမဆုံး ကျင်းပသော ကောင်စီ စည်းဝေးတွင် ခန့်ထား ရပါသည်။ ဤကော်မတီ အဖွဲ့ဝင် များသည် အသင်းတော် ကောင်စီ ကော်မတီ ကြီးတွင် ပါဝင်ရန် မလိုပါ။

ဃ။ နှစ်ပတ်လည် စည်းဝေးများ

(၁) ဒေသန္တရ အသင်းတော် တစ်ပါးသည် နှစ်စဉ် နှစ်ပတ်လည် အစည်းဝေး ပြုလုပ်၍ ပြန်ကြားခြင်းများ ဘဏ္ဍာရေး ရှင်းတမ်းများ၊ ရ-သုံးမှန်းခြေ စာရင်းတင်ပြ ခြင်းနှင့် လိုအပ်သော ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် အသင်းတော် ကောင်စီ အသစ် ဖွဲ့စည်းခြင်း ခန့်အပ်ခြင်း ပြုလုပ်ရမည်။

(၂) အသင်းတော် ကောင်စီသစ် ဖွဲ့စည်းနိုင်ရန် အသင်းတော် ကောင်စီဟောင်းသည် လျာထားရေး ကော်မတီ ဖွဲ့၍ ကောင်စီတွင် ပါဝင် သင့်သော သူများကို လျာထားပြီး နှစ်ပတ်လည် စည်းဝေးကြီးတွင် တင်သွင်းရမည်။

Continue… » »


❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.