❮ Prev . . . ၁ ၂ အခန်း ၃ ၄ ၅ Next ❯
ပထမပိုင်း
အခန်း (၃) နှစ်ခြင်းခရစ်ယာန်တို့၏ ယုံကြည်ချက်နှင့်
ထူးခြားချက်များ
၃။ ခရစ်တော်သည် ယုံကြည်သူတို့၏ အရှင်သခင်ဖြစ်ခြင်း The LORDship of Christ
ခရစ်တော်သည် ယုံကြည်သူ တစ်ဦးစီ၏ အရှင်သခင် ဖြစ်တော်မူသည် ဟူသော အခြေခံ အုတ်မြစ်ပေါ်တွင် နှစ်ခြင်းခရစ်ယာန် တို့၏ ယုံချက်ကို တည်ဆောက်ကြသည်။ ထို့ကြောင့် ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်တော် မူသည်ဟု နှစ်ခြင်းခရစ်ယာန်တို့ ယုံကြည်ကြသည်။ ထို့ပင် ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်တော် မူသည့်နည်းတူ ကျေးဇူးတော် အားဖြင့် ရွေးနုတ် ကယ်တင်ခြင်း ခံရသူ အားလုံးတို့၏ အထွဋ်အထိပ် ဖြစ်တော်မူသည်။ ဝမ်းမြောက်သော စိတ်ဖြင့် ခရစ်တော်၏ အလိုတော်ကို ဝန်ခံလိုက်လျောက် အသက်ရှင် ခြင်းသည် နှစ်ခြင်းခရစ်ယာန် တို့အတွက် အဓိက အချက်ပင် ဖြစ်သည် (ယော ၁း၁-၅၊ ဖိလိပ္ပိ ၂း၁၀-၁၁)
၎။ သန့်ရှင်းသော ဝိညာဉ်တော် The Holy Spirit
နှစ်ခြင်း အသင်းတော် များသည် သန့်ရှင်းသော ဝိညာဉ်တော်ကို သုံးပါးတစ်ဆူ ဘုရားတွင် တစ်ပါးဖြစ်သည်ဟု ယုံကြည်လက်ခံ ကြပါသည်။ အနှစ်သာရ (Essence) အနေဖြင့် ဖြစ်စေ၊ အဆင့်အတန်း(Status)အနေဖြင့် ဖြစ်စေ၊ ခမည်းတော် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် တို့သည် ထပ်တူထပ်မျှ ဖြစ်ပါသည်။ ပြစ်ရှိ လူသားများနှင့် ဘုရားရှင် တို့၏ ပြန်လည် မိဿဟာယ ဖွဲ့ခြင်းတွင် အဓိက လှုပ်ရှားသော ပုဂ္ဂိုလ်သည် သန့်ရှင်းသော ဝိညာဉ်တော် ပင်ဖြစ်ပါသည်။ ဓမ္မဟောင်း ကျမ်းတွင် ဘုရားရှင်၏ ဝိညာဉ်တော်သည် ရွေးချယ်ခြင်း ခံသော လူသား တစ်ဦး တစ်ယောက် စီ၏ အပေါ်သို့ သက်ရောက်၍ သူတို့အား ထူးခြားသော အရည်အချင်း တစ်ခုစီ ပေးပါသည် (တရား ၄း၆၊ ထွက် ၃၁း၂-၃၊ ၁ ရာ ၁၀း၆-၁၀) ဓမ္မသစ် ကျမ်းတွင်မူ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားများနှင့် အတူ အမြဲတစေ နေဖို့ရန် ပင်တေကုတ္တေပွဲ နေ့တွင် ဆင်းသက် လာပါသည်။ ထိုအချိန်မှ စ၍ အပြစ်ရှိသော ကမ္ဘာသူ ကမ္ဘာသားတိုင်း ခရစ်တော်ကို ယုံကြည်လက်ခံ နိုင်ဖို့ရန် သွန်သင်ခြင်း (ယော ၁၆း၁၂-၁၅) လူသားများ၏ စိတ်နှလုံး တံခါးကို ခေါက်ခြင်း (ဗျာ ၃း၂၀) ယုံကြည်သူ များ၏ စိတ်နှလုံးထဲတွင် ကိန်းဝပ်ခြင်း၊ (ရော ၈း၁၅-၁၇) သန့်ရှင်း စင်ကြယ်စေခြင်း (၂ သက် ၂း၁၃) ဝိညာဉ်တော်၏ အသီးများကို သီးစေခြင်း (ဂလာ ၅း၂၂) အမှုများကို ပြုလုပ်ဆောင်ရွက်လျက် ရှိပါသည်။ ဓမ္မဟောင်းကျမ်းမှာကဲ့သို့ ပြင်ပ အပေါ်ယံသာ မဟုတ်တော့ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားများ၏ အတွင်းစိတ် သဘောကို ပြုပြင်ပြောင်းလဲ စေပြီး၊ အသက်တာ တစ်ခုလုံးကို ပြောင်းလဲစေခဲ့ ပါသည်။ ဓမ္မသစ်ကျမ်းတွင် ထင်ရှားပေါ်လွင် လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မှာ လူသားများအား ဘုရားရှင်၏ ချစ်ခြင်းမေတ္တာနှင့် ရစ်ပတ်ကာ၊ တစ်လုံးတစ်ဝတည်း ဖြစ်ဖို့ရန် ပြုပြင်ခြင်း ဖြစ်သည်ဟု နှစ်ခြင်းအသင်းတော် များမှ ယုံကြည်လက်ခံ ပါသည်။