❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၁။ နှစ်ခြင်းမင်္ဂလာဝတ်
ဃ။ စီရင်ခွင့်ရှိသူ
နှစ်ခြင်းမင်္ဂလာဝတ်သည် သခင်ယေရှုဘုရား ကိုယ်တိုင် (မဿဲ ၃း၁၅-၁၆) တွင် “ယေရှုက အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခု အခွင့်ပေးပါ” (နှစ်ခြင်းမင်္ဂလာ) ဟုပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။ ယော ၃း၃ တွင် “ယေရှုက ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ” ဟု ငါအမှန်အကန် ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။ ထို့ကြောင့် နှစ်ခြင်းမင်္ဂလာဝတ်သည် နှစ်ခြင်းခရစ်ယာန်တို့အဖို့ ယုံကြည် ကိုးကွယ်သော ခရစ်တော်ကိုယ်တိုင် ခံယူသွန်သင်ခဲ့သည့် မင်္ဂလာဝတ်ကြီးဖြစ်ပါသည်။
တမန်တော်ကြီး ရှင်ပေါလု၏ ယုံကြည်ချက်တွင် နှစ်ခြင်းမင်္ဂလာဝတ်တွင် ရေ၌မြှုပ်နှံခြင်းသည် အပြစ်တရားကို ရေသချုင်္င်း၌ မြှုပ်နှံ၍ ရေမှပေါ်ထွက် လာခြင်းသည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်နာမ၌ အသက်ရှင်ပြန် ထမြောက်ခြင်း အဓိပ္ဗာယ်ဆောင်ပါသည်။ ထိုနှစ်ခြင်းမင်္ဂလာဝတ်သည် အသင်းတော် အခွင့်ဖြင့်သာ စီရင်ရသော မင်္ဂလာဝတ် တစ်ပါးဖြစ်သည်။
င။ စီရင်သူ
ယင်းသို့စီရင်ရာတွင် နှစ်ခြင်း အသင်းတော်များတို့ အနေဖြင့် အသင်းတော်ရေး၊ သာသနာရေး အတွက် သီးသန့်ဆက်ကပ် တင်မြှောက်ထားသော သိက္ခာတော်ရ ဓမ္မအမှုတော်ဆောင်အား စီရင်ခွင့်ပြုပါသည်။ ထို့ပြင် သိက္ခာတော်ရ ဓမ္မအမူတော် ဆောင်သည်အခြားသော ဒေသတစ်နေရာ၌ နှစ်ခြင်းမင်္ဂလာဝတ်ကို ပေးရပါက သက်ဆိုင်ရာ သင့်လျော်ရာ အသင်းတော် တစ်ပါးပါး၌ နှစ်ခြင်းမင်္ဂလာဝတ် ခံယူသူအား အပ်နှံရပါသည်။
စ။ ခံယူခွင့်ရှိသူ
မိမိ၏အပြစ်ကို သိမြင်လျက် နောင်တရ၍ သခင်ယေရှုကို မိမိ၏ ကယ်တင်ရှင်သခင်အဖြစ် ယုံကြည်ဝန်ခံ သူတိုင်း နှစ်ခြင်းမင်္ဂလာဝတ်ကို ခံယူခွင့်ရှိပါသည်။ (ထိုသို့ဆိုရာ၌ သွန်သင်မှုပြုပြီးမှ နှစ်ခြင်းပေးခြင်းနှင့် နှစ်ခြင်းပေးပြီးမှ သွန်သင်မှုပြုခြင်း စနစ်တို့ကို အသင်းတော် အသီးသီး၏ သတ်မှတ်မှု အတိုင်းဆောင်ရွက်ရန် ဖြစ်ပါသည်) နှစ်ခြင်းမင်္ဂလာဝတ် ခံယူခြင်းသည် မိမိ ကိုယ်ကိုမိမိ ဆုံးဖြတ် နိုင်သူဖြစ်ရမည်။ ကလေးသူငယ်များကို နှစ်ခြင်းမင်္ဂလာဝတ် ပေးခြင်းမပြုပါ။