❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၁။ နှစ်ခြင်းမင်္ဂလာဝတ်

စ်။ စီရင္ပံုု

နှစ်ခြင်းမင်္ဂလာ ပေးရာတွင် ကျင်းပသည့် နေရာဌာနကို အခြေပြု၍-

(၁) ပုံမှန်ဝတ်ပြု ကိုးကွယ်ခြင်း အစီအစဉ်တွင် ထည့်သွင်းခြင်း
(၂) သီးခြားဝတ်ပြု အစီအစဉ်ဖြင့် ကျင်းပခြင်း ပြုပါသည်

(၁) ပုံမှန်ဝတ်ပြု ကိုးကွယ်ခြင်း အစီအစဉ်တွင် ထည့်သွင်းပါက

က။ ပထမဓမ္မစီချင်း (နှစ်ခြင်းမင်္ဂလာနှင့် ဆိုင်သောသီချင်း) သီဆိုပြီးနောက် စန္ဒယားတီးသံကို နောက်ခံထား၍
ခ။ တစ်ဦးပြီးတစ်ဦး အမှတ်စဉ်အတိုင်း ဆက်တိုက် နှစ်ခြင်းမင်္ဂလာလပေးရပါမည်
ဂ။ စနစ်တကျ ရှိစေရန်-

  • အမည်စာရင်းပြုစုပါ
  • အမည်စာရင်းအတိုင်း တန်းစီထားပါ
  • မင်္ဂလာပေးသည့်ဆရာ ရေ၌နရာယူပြီးလျှင်
  • အမည်စာရင်းပြုစုပါ

ဃ။ မင်္ဂလာပေးပုံ-

ဆရာ- မောင်/မ…….(သဘာပတိ ခေါ်သောအမည်) သခင် ယေရှုခရစ်ကို သင်၏ ကယ်တင်ရှင် အဖြစ် မည်သည့်အထိ လက်ခံပါ မည်နည်း
တပည့်- အသက် ထက်ဆုံး သည်အထိ လက်ခံပါမည်
ဆရာ-“မောင်/မ…….သည် သခင် ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ပါပြီဟု ဘုရားသခင်ရှေ့၊ ဤပရိသတ်ရှေ့တွင် ဝန်ခံသောကြောင့်” လက်မြှောက်ကာ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်၌ နှစ်ခြင်းပေးပါ၏”

င။ အားလုံးကို မင်္ဂလာပေးပြီးသောအခါ ပုံမှန်ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါသည်။

Continue… » »


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.