❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၁။ နှစ်ခြင်းမင်္ဂလာဝတ်
စ်။ စီရင္ပံုု
(၂) သီးခြားဝတ်ပြု အစီအစဉ်
- ဓမ္မသီချင်းကျူးအေးခြင်း
- ကျမ်းစာဖတ်ခြင်း
- ဆုတောင်းခြင်း
- ဓမ္မသီချင်းကျူးအေးခြင်း
(သီချင်း တစ်ပုဒ်ပြီးတစ်ပုဒ် သီဆိုပေးရန်နှင့် တစ်ပိုဒ်နှင့် တစ်ပိုဒ် အကြား ခေတ္တရပ်နားစဉ် တစ်ဦးစီ မင်္ဂလာ ပေးပါမည်။)
(မင်္ဂလာပေးပုံမှာ အထက်ပါ (၁)(ဃ) မင်္ဂလာပေးပုံ) အတိုင်းဖြစ်ပါသည်။ ကောင်းချီးပေးခြင်း (အားလုံး မင်္ဂလာပေးပြီးနောက် သီချင်းတစ်ပိုဒ် ဆက်လက်သီဆို ပြီးနောက် ကောင်းချီးပေးရပါမည်။)
(၃) မှတ်ချက်
(က) နှစ်ခြင်းမင်္ဂလာပေးရန် စစ်ဆေးမေးမြန်းခြင်းကို သက်ဆိုင်ရာ အသင်းတော်၏ သတ်မှတ်ချက်အရ သင်းထောက်အဖွဲ့က သော်လည်းကောင်း၊ အမှုဆောင်အဖွဲ့က သော်လည်းကောင်း၊ မင်္ဂလာမပေးမီ စီစဉ်ကြိုတင်လျက် ဆုံးဖြတ်ချက် ချမှတ်ပေးရသည်။
သက်ကြီးရွယ်အို၊ မသန်စွမ်း၊ နာမကျန်း သူတို့နှင့်ဆိုင်၍ ချွင်းချက်ထား၍ အမှုဆောင်အဖွဲ့ သင်းအုပ် (ဝါ) ဓမ္မဆရာက ကိစ္စတစ်ခုချင်းစီ၏ အခြေအနေအရ စဉ်းစား စီစဉ်ဆောင်ရွက် သင့်ပါသည်။
(ခ) အချို့ အသင်းတော်များတွင် ပွဲတော်နေ့ မတိုင်မီ ဥပုသ်နေ့တွင် နှစ်ခြင်းမင်္ဂလာ ပေးပြီး ပွဲတော်နေ့တွင် ပွဲတော်မဝင်မီ နှစ်ခြင်းသက်သေခံ လက်မှတ် အပ်နှင်းခြင်းနှင့် အသင်းတော်ဘောင်သွားခြင်း ပြုတတ်ပါသည်။
အချို့ အသင်းတော်တို့တွင်မူ နှစ်ခြင်းမင်္ဂလာ ပေးသောနေ့ ဝတ်ပြုစည်းဝေးတွင်ပင် သက်သေခံ လက်မှတ် အပ်နှင်းခြင်းနှင့် အသင်းတော်ဘောင်သွင်းခြင်း ပြုတတ်ပါသည်။
(ဂ) ရေ၌နှစ်မြှုပ်ရာတွင် ရေသချူင်္င်း၌ သင်္ဂြိုဟ်ခြင်း၏ပုံကို ဆောင်ရန်ဖြစ်သောကြောင့် နောက်သို့ လှန်လှဲနှစ်မြှုပ်ခြင်း စနစ်သည် ပိုမိုသင့်လျော်ပါသည်။
(ဃ) နှစ်ခြင်း မင်္ဂလာ ပေးသော ဓမ္မအမှုတော်ဆောင်က “နှစ်ခြင်းမင်္ဂလာလက်မှတ်” ကို ထုတ်ပေး၍ အသင်းသားအဖြစ် လက်ခံသော အသင်းတော်က “အသင်းသားလက်မှတ်” သီးခြားထုတ်ပေး သင့်ပါသည်။
နှစ်ခြင်းမင်္ဂလာ ပေးခြင်းအမှုသည် အဓိကကျသော ဓမ္မမင်္ဂလာဝတ်ဖြစ်၍၊ မင်္ဂလာပေးသူ၊ ခံယူသူတို့ အနေဖြင့် သေသပ်စွာ ဝတ်စားဆင်ယင်မှု ပြုရပါမည်။ (အချို့ ဝတ်ရုံကို အသုံးပြုပါသည်)။