❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၂။ ပွဲတော်မင်္ဂလာဝတ်

ဆ။ အထွေထွေ
(၄) ပွဲတော်မင်္ဂလာဝတ်၌ မပြုအပ်သောကိစ္စ

အသင်းတော်များသည် သိက္ခာတော်ရဆရာမှ အသင်းတော်တွင် ပွဲတော်မင်္ဂလာဝတ် စီရင်ပြီးမှ သင်းထောက်တို့ကို စီရင်ပြီးသောမုန့်နှင့် စပျစ်ရည်ကို လက်ဆင့်ကမ်းပေး၍ အသင်းတော်သို့ မလာမရောက်နိုင်သူတို့အား စီရင်ပေးခြင်းကို လုံးဝမပြုရန်။ ပွဲတော်မင်္ဂလာဝတ်သည် သိက္ခာတော်ရဆရာမှ ဦးဆောင်၍ ဆောင်ရွက်သော ကိစ္စဖြစ်သည်။ တနည်း ကိုယ်ထိလက်ရောက် ဆောင်ရွက်ရသည့် ဓမ္မဝတ်ဖြစ်ပါသည်။ လက်လွဲ၍ ဆောင်ရွက်စေခြင်းသည် နှစ်ခြင်းအခြေခံ ယုံကြည်ချက်နှင့် မကိုက်ညီပါ။ သို့ဖြစ်ပါ သိက္ခာတော်ရ ဆရာများက ထိုကဲ့သို့ဆောင်ရွက်ခြင်း လုံးဝရှောင်ရှားရန် ဖြစ်ပါသည်။

(၅) အပြစ်ဝန်ချခြင်း ပဋိညာဉ်စည်းဝေးကိစ္စ

တစ်ချိန်က အပြစ်ဝန်ချခြင်း စည်းဝေးများကို နှစ်ခြင်းအသင်းတော်များက ဆောင်ရွက်လေ့ရှိပါသည်။ ယခုအခါ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်ပါသည်။ ဤနှစ်ခြင်းတို့၏ ကောင်းမြတ်၍ ဓမ္မကြောင်းအရလည်း မှန်ကန်နေသော ကျင့်ဝတ်ကို ပြန်လည်အကောင်အထည် ဖော်ရန်၊ အချိန်တန်ပြီ ဖြစ်ပါသည်။ အပတ်စဉ်နှင့် လစဉ် မလုပ်ချင်သည့်တိုင်အောင် တစ်နှစ်ကို နှစ်ကြိမ် လုပ်သင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ ကမ္ဘာ့ပွဲတော် မင်္ဂလာဝတ် နေ့နှင့် နှစ်သစ်ကူးချိန်တွင် ပြုလုပ်ပါက အလွန်သင့်လျော်ပါမည်။


ပွဲတော်မင်္ဂလာဝတ်ပြုရာတွင်လည်း ပုံမှန်ဝတ်ပြု ကိုးကွယ်ခြင်း အစီအစဉ်တွင် ထည့်သွင်းခြင်းနှင့် သီးခြားဝတ်ပြု အစီအစဉ်ဖြင့် ကျင်းပခြင်း ပြုတတ်ပါသည်။ အောက်ပါ အစီအစဉ်ကို သီးခြားဝတ်ပြု အစီအစဉ် အဖြစ်လည်းကောင်း၊ ပုံမှန်ဝတ်ပြု အစီအစဉ်တွင် ဓမ္မဒေသနာ ဟောကြားပြီးနောက် ဆက်လက်၍လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.