❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၂။ ပွဲတော်မင်္ဂလာဝတ်
ဆ။ အထွေထွေ
(၆) အစီအစဉ်
ဓမ္မသီချင်းကျူးအေးခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ပွဲတော်မုန့်စီရင်ခြင်း၊ ဝေငှခြင်း၊ စားခြင်း
ဆရာ ။ ။ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်း ခံသောနေ့ညမှာ မုန့်ကိုယူ၍ (မုန့်ပန်းကန်ကိုကိုင်ယူပါ)၊ ကျေးဇူးတော် ချီးမွမ်းသည်နည်းတူ၊ ကျေးဇူးတော် ချီးမွမ်းကြစို့။ (ဆက်လက်၍ ကျေးဇူးတော်ချီးမွမ်းပါ)
ဆရာ ။ ။ ကျေးဇူးတော် ချီးမွမ်းပြီးနောက် မုန့်ကိုဖဲ့၍ (မုန့်ကိုယူ၍ဖဲ့ပါ) တပည့်တော်တို့အား ဝေပေးသည့်နည်းတူ အချင်းချင်းတို့အား ဝေပေးကြပါစို့။ (သင်းထောက်များမှ တစ်ဆင့်/ပြီးလျှင် သင်းထောက်တို့အား ဝေပေးပါ)။
ဆရာ ။ ။ သခင်ယေရှုက ဤမုန့်ကား သင်တို့အဖို့ အလို့ငှာ၊ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့ဖို့ရာ ယူ၍ စားကြလော့ဟု မိန့်တော်မူသည်အတိုင်း အတူတကွ စားကြစို့။ (စားလျက်အာရုံပြုနိုင်ရန် အချိန်အနည်းငယ်ပေးပါ။)
ဆရာ ။ ။ ညစာစားပြီးမှ ခွတ်ကိုလည်းယူ၍ (ခွက်/ခွက်ပန်းကို ကိုင်ယူပါ။) ကျေးဇူးတော် ချီးမွမ်းသည့်နည်းတူ ကျေးဇူးတော်ချီးမွမ်းစို့။ (ဆက်လက်၍ ကျေးဇူးတော်ချီးမွမ်းပါ)။
ဆရာ ။ ။ ကျေးဇူးတော် ချီးမွမ်းပြီးမှ တပည့်တော်တို့အား ခွက်ကို ဝေပေးသည့်နည်းတူ အချင်းချင်းတို့အား ဝေပေးကြစို့။ (သင်းထောက်များမှ တစ်ဆင့်/ပြီးလျှင် သင်းထောက်တို့အား ဝေပေးပါ။)
ဆရာ ။ ။ သခင်ယေရှုက ဤခွက်ကား ငါ၏ အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ သောက်သောအခါ ငါ့ကိုအောက်မေ့ဖို့ရာ သောက်ကြလော့ဟု မိန့်တော်မူသည်အတိုင်း အတူတကွ သောက်ကြကုန်စို့။
(သောက်လျက်အာရုံပြုနိုင်ရန် အချိန်အနည်းငယ်ပေးပါ)