❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၂။ ပွဲတော်မင်္ဂလာဝတ်

ဆ။ အထွေထွေ
(၆) အစီအစဉ်



ဆရာ ။ ။ သခင်ယေရှုက ဤခွက်ကား ငါ၏ အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ သောက်သောအခါ ငါ့ကိုအောက်မေ့ဖို့ရာ သောက်ကြလော့ဟု မိန့်တော်မူသည်အတိုင်း အတူတကွ သောက်ကြကုန်စို့။
(သောက်လျက်အာရုံပြုနိုင်ရန် အချိန်အနည်းငယ်ပေးပါ)

ဆရာ ။ ။ ပွဲတော်အလှူငွေသည် အသင်းတော် အနေဖြင့် ကူညီမစခြင်းကို လိုသောသူတို့အား အထောက်အပံ့ပြုသော မိတ်သဟာယ အလှူတော်ငွေ ဖြစ်သည့်အားလျော်စွာ မိမိတို့၌ သခင်ဘုရား ပြုတော်မူသော ကျေးဇူးတော်တို့ကို ရေတွက်လျက် စေတနာထက်သန်စွာ ပေးလှူ ကြကုန်စို့။ ဓမ္မသီချင်းကျူးအေးခြင်း၊ မိတ်သဟာယ အလှူငွေ ကောက်ခံခြင်း။

ဆရာ ။ ။ ညစာစားပြီးသည်နောက် သခင်ယေရှုသည် တပည့်တော်တို့နှင့်အတူ ဆာလံ သီချင်းဆိုလျက် သံလွင်တောင်သို့ တက်ကြွတော်မှုသည်နည်းတူ ဓမ္မသီချင်းကို သီဆိုပြီးကောင်းချီးပေးလျက် ဤနေရာမှထွက်ခွာကြကုန်စို့။

* ကောင်းချီးပေးခြင်း/ကောင်းချီးမင်္ဂလာခံယူခြင်း

မှတ်ချက် ။ ။ သခင်ဘုရား၏ ပွဲတော်အတွက် ပေါင်မုန့်နှင့် စပျစ်ရည်ကို အသုံးပြုပါသည်။ မုန့်နှင့်ဆိုင်၍ အချို့က တဆေးမဲ့ မုန့်ဖြစ်ရမည်ဟု ခံယူလျက် သာမန်ပေါင်မှန့်ကို မသုံးဘဲ၊ သီးသန့်မုန့် ပြုလုပ်ခြင်း၊ အသင့်ပြုလုပ်ထားသော ပွဲတော်မုန့် ပြုလုပ်ခြင်း၊ အသင့်ပြုလုပ်ထားသော ပွဲတော်မုန့်ချပ်ကလေးများကို အသုံးပြုကြပါသည်။ စပျစ်ရည် မရနိုင်သောကြောင့် ဇီးဖျော်ရည်၊ မန်းကျီးဖျော်ရည် စသည်တို့ကို သုံးတတ်ကြပါသည်။ ဖျော်ရည်ကို အသုံးပြုရာတွင် ဖြစ်နိုင်ပါက စပျစ်ရည် ရောနှော အသုံးပြုအပ်ပါသည်။ အသွေးရောင် ဖြစ်စေရန်လည်း ဂရုပြု စီရင်သင့်ပါသည်။
မုန့်နှင့်စပျစ်ရည်ကို ဝေငှပြီးနောက် “ရသင့်လျက်နှင့် မရသေးသော သူများရှိလျှင် လက်ပြပါ” ဟူ၍ အခါခပ်သိမ်းမေးရန် မလိုပါ။ စနစ်တကျဝေငှနိုင်ရန် သင်းထောက်များကို သင်ပြတာဝန် ပေးထားသင့်ပါသည်။ ပရိသတ် အခြေအနေအရ ကျန်သူရှိနိုင်သော အချိန်အခါတွင်မှ မေးမြန်းသင့်ပါသည်။

ဇ ။ ။ အထွေထွေ -၂

သာမန်အားဖြင့် အသင်းတော် ချိန်းချက်သော ပွဲတော်မင်္ဂလာဝတ်မှ ကျန်သော မုန့်နှင့်စပျစ်ရည်တို့ဖြင့် ပြင်ပပွဲတော် (သက်ကြီးသူ၊ နာမကျန်း သူတို့အား) ပေးသင့်ပါသည်။ ပွဲတော်မင်္ဂလာဝတ်မှ ကြွင်းသော မုန့်နှင့်စပျစ်ရည်ကို စနစ်တကျ စွန့်ပစ်ခြင်း၊ မြေမြှုပ်ခြင်း ပြုအပ်ပါသည်။ သူတစ်ပါးထိမိ၍ လဲစရာဖြစ်ခြင်းမှ ရှောင်ကြဉ်ရာသည်။ ပွဲတော်မင်္ဂလာဝတ်တွင် ကောက်ခံသော မိတ်သဟာယ အလှူငွေသည် ကူညီမစခြင်းကို လိုသောသူတို့အား မစရန်ဖြစ်၍ အသင်းတော် အထွေထွေ ရန်ပုံငွေတွင် သီးသန့်ခေါင်းစဉ်ဖြင့် ထားရှိလျက် ကူညီထောက်ပံ့မူ ပြုသင့်ပါသည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.