❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၃။ အခြားမင်္ဂလာများ

က။ သိက္ခာတင်မင်္ဂလာ
(၂) ကျင့်သုံးမှုများ

အချိန်ပြည့်ဓမ္မအမှုတော် လုပ်ငန်းတာဝန် ထမ်းဆောင်သူများ မိမိကိုယ်ကို အသင်းတော် သာသနာလုပ်ငန်းအတွက် အပြည့်အဝ ဆက်ကပ်အပ်နှံသူများ၊ ၁တိ ၃း၁-၇ နှင့် ကိုက်ညီသူများ။

(က) သိက္ခာတင်မင်္ဂလာ ခံယူပြီးသော အမှုတော်ဆောင်ကို သိက္ခာတော်ရဆရာ/ဆရာမ ဟူ၍ပြောဆိုရေးသားရန်။

(ခ) သိက္ခာတင်မင်္ဂလာ ခံယူခြင်းသည် ကာယကံရှင် အမှုတော်ဆောင်မှ တောင်းယူခြင်း၊ ရယူခြင်း လုံးဝမဟုတ်၊ ဘုရားရှင်၏ ဝိညာဉ်တော်သည် မိမိအသွေးတော်နှင့် ဝယ်ယူသော အသင်းတော် (တစ်ဦးတစ်ယောက် မဟုတ်) အားတို့ထံ လှုံ့ဆော်စေခိုင်း တာဝန်ပေးခြင်းကို ခံယူခြင်းသာ ဖြစ်သည်။ (အနည်းဆုံး အသင်းတော် (၇) ပါး၏ အသိအမှတ်ပြုစုပေါင်း ဆောင်ရွက်မှု ဖြစ်သင့်သည်)

(ဂ) သိက္ခာတင်မင်္ဂလာ ခံယူထိုက်သူသည် ဝိညာဉ်တော်အားဖြင့် ရွေးချယ်ခန့်ထားသူဖြစ်၍ အမျိုးသား၊ အမျိုးသမီး တပြေးညီ တစ်လုံးတစ်ဝတည်း ဖြစ်ရမည်။
(ဃ) အသက်အရွယ် ကြီးရင့်သည်အထိ ဂုဏ်အသရေရှိစွာ၊ တည်ကြည်စွာဖြင့် အချိန်ပြည့် လုပ်ငန်းတာဝန်မှ အနားယူသွားသော သိက္ခာတော်ရ ဓမ္မအမှုတော် ဆောင်များ၏ သိက္ခာတင်ခြင်းသည် ရာသက်ပန် တည်မြဲသည် ဖြစ်၏။

(င) သိက္ခာတင်မင်္ဂလာ ပြုခြင်းသည် ဝိညာဉ်တော် အားဖြင့်ဖြစ်၍ ရုပ်သိမ်းခြင်း ပြု၍မရ။ လုပ်ငန်းနှင့် သင့်တော်ခြင်းမရှိဟု ဆုံးဖြတ်ပါက လုပ်ပိုင်ခွင့် များကိုသာ ရပ်ဆိုင်း၊ ရုပ်သိမ်းခြင်း ပြုရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်သို့ အသိပေး အကြောင်းကြားရန်။

(စ) သိက္ခာတင်မင်္ဂလာ ခံယူမည့်သူသည်-

  • အမှုတော်ဆောင်သက် အနည်းဆုံး (၅)နှစ်မှ (၁၀)နှစ် ရှိသူဖြစ်ရန်
  • အသက်အားဖြင့် (၃၀)နှစ်ရှိရန်
  • အိမ်ထောင်ရှိသူ ဖြစ်သင့်သည်နှင့် ဖြစ်ရန် (အိမ်ထောင်မရှိပါက အသင်းတော်မှ စဉ်းစားဆုံးဖြတ်ရန်)

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.