❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၃။ အခြားမင်္ဂလာများ

က။ သိက္ခာတင်မင်္ဂလာ
(၃) စီရင်ခွင့်ရှိသူ

နှစ်ခြင်းခရစ်ယာန်တို့၏ အခြေခံ ယုံကြည်ချက် နှင့်အညီ၊ အသင်းတော်၌သာ အခွင့်အာဏာရှိရာ သိက္ခာတင်မင်္ဂလာ ပေးရန်အတွက် စီရင်ခွင့်ရှိသူ သို့မဟုတ် အဖွဲ့အစည်းမှာ အသင်းတော် သာလျှင်ဖြစ်ပေသည်။

(၄) စီရင်သူ

ယင်းသို့စီရင်ရာတွင် အသင်းတော် တစ်ပါးအနေနှင့် မိမိ၏ သာသနာဝန်ထမ်းကို မိမိဘာသာ ခန့်ထား သိက္ခာတင် ပေးပိုင်ခွင့်ရှိသည် မှန်သော်လည်း အခြား အသင်းတော်တို့နှင့် မိဿဟာယဖွဲ့ ဆက်သွယ်နေသည်ဖြစ်၍ ၎င်းအသင်းတော်တို့အား ဖိတ်ခေါ်၍ သိက္ခာတင် ကောင်စီဖွဲ့စည်းပြီး အတူပေါင်းစည်း လုပ်ဆောင်ရသည်။ ထိုနည်းတူစွာ အသင်းချုပ် အဖွဲ့ချုပ်၊ နယ်အဖွဲ့ စသည့် သာသနာ အဖွဲ့အစည်းတို့တွင် ဝန်ထမ်းလျက်ရှိကြသော ပုဂ္ဂိုလ်တစ်ဦးဦးအား သိက္ခာတင်မင်္ဂလာ ပေးနိုင်ရန် အဆိုပါ ပုဂ္ဂိုလ်အသင်းသား အဖြစ်ပါဝင်သည့် မိခင်အသင်းတော်၏ သဘောတူ ထောက်ခံမှုကို ကြိုတင်ရယူရမည်။ ထိုသို့ရရှိလျှင် သိက္ခာတင် ကောင်စီဖွဲ့စည်း ဆောင်ရွက်ရမည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.