❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၃။ အခြားမင်္ဂလာများ
(ခ) သိက္ခာတင်ကောင်စီ ဖွဲ့စည်းဆောင်ရွက်ခြင်း
အသင်းတော်/ သာသနာ့အဖွဲအစည်း၏ စည်းဝေးဆုံးဖြတ်ချက်အရ၊ ချိန်းချက်သော နေ့ရက်၊ အချိန်၊ ဒေသတွင် ဖိတ်ခေါ်သော အသင်းတော်မှ သင်းအုပ် သို့မဟုတ် ဥက္ကဌက ယာယီ သဘာပတိအဖြစ် ဆောင်ရွက်၍ စည်းဝေးကျင်းပ ရပါမည်။
အစီအစဉ်
၁။ စည်းဝေးဖွင့်ခြင်း
၂။ အသင်းတော်များ၊ သာသနာ အဖွဲ့အစည်းများသို့ ပေးပို့သော ဖိတ်ကြားစာကို ဖတ်ကြားခြင်း
၃။ ကိုယ်စားလှယ် အမည်စာရင်းခေါ်ခြင်း
၎။ သိက္ခာတင်ကောင်စီ သဘာပတိနှင့် မှတ်တမ်းရေးမှူးတို့ကို ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ခြင်း
၅။ သဘာပတိ တာဝန်လွှဲပြောင်းပေးခြင်း
မှတ်ချက်။ ။ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်ထားပြီး စည်းဝေး မစမီ လက်မှတ်ရေးထိုးခြင်း ပြုစေသင့်ပါသည်။