❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၃။ အခြားမင်္ဂလာများ
က။ သိက္ခာတင်မင်္ဂလာ
(၈) စီရင်ပုံ
(၅) အုပ်ချုပ်စီမံရေးအဖွဲ့/ သင်းလုံကျွတ် စည်းဝေးတို့က သဘော တူကြောင်းဆုံးဖြတ်လျှင် တာဝန်လွှဲ အပ်ခြင်းခံရသော အုပ်ချုပ်စီမံရေးအဖွဲ့ သို့မဟုတ် အမှုဆောင်အဖွဲ့က သိက္ခာတင် ကောင်စီဖွဲ့စည်းရေးနှင့် ကျန်ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ရပါမည်။
(၆) တာဝန်လွှဲအပ်ခြင်း ခံရသော အုပ်ချုပ်စီမံရေးအဖွဲ့/ အမှုဆောင် အဖွဲ့အနေနှင့်
- သိက္ခာတင်ကောင်စီ ဖွဲ့စည်းရန် ဆုံးဖြတ်ခြင်း
- ခေါ်ဖိတ်မည့် အသင်းတော်များ/ အဖွဲ့အစည်းများ သတ်မှတ်ခြင်း
- ခေါ်ဖိတ်မည့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ခြင်း
- သိက္ခာတင်ကောင်စီ စည်းဝေး ကျင်းပမည့် နေ့ရက်၊ အချိန်ဒေသ သတ်မှတ်ခြင်း
- ကုန်ကျစရိတ် (ခရီးစရိတ် ထောက်ပံ့မှု၊ ဧည့်ခံမှု၊ အစီအစဉ် စရိတ်ဝတ်ရုံ စသည်ဖြင့်) လျာထားသတ်မှတ်ခြင်း
- သိက္ခာတင်ကောင်စီက သဘောတူပါက အသင်းတော်အနေနှင့် တင်ပြလိုသော သိက္ခာတင်မင်္ဂလာ နေ့ရက်၊ အချိန်ဒေသကို လျာထားခြင်း (သိက္ခာတင်ကောင်စီ စည်းဝေးပြီး၊ နောက်နေ့တွင် သိက္ခာတင်မင်္ဂလာ ပေးရန် မသတ်မှတ် သင့်ပါ) ပြုရပါမည်။
(၇) ယင်းသို့ လျာထား ဆုံးဖြတ်ချက်များကို အသင်းတော် လူကြီးများ တာဝန်ခွဲဝေ၍ အကောင်အထည်ဖော် ဆောင်ရွက်ရပါမည်။