❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၃။ အခြားမင်္ဂလာများ
(ဃ) သိက္ခာထတင်ကောင်စီစည်းဝေး (ဒုတိယပိုင်း)
၁။ စည်းဝေးပြန်လည်စတင်ခြင်း
၂။ အထက်ပါ ၃(ဂ) အရ ဖွဲ့စည်းထားသော ယာယီအဖွဲ့အနေနှင့် သိက္ခာတင်ကောင်စီက သတ်မှတ်ပေးနိုင်ရန် အောက်ပါကိစ္စရပ်များကိုလျာထား တင်ပြပေးရမည်။
- သိက္ခာတင်မင်္ဂလာ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့်ဒေသ၊ (အသင်းတော်/ သာသနာ အဖွဲ့၏ လျာထားတင်ပြချက်ကို အခြေပြု စဉ်းစားသင့်ပါသည်)
- ဓမ္မဒေသနာ ဟောကြားမည့်ပုဂ္ဂီုလ်၊
- သိက္ခာတင်ပေးမည့် ဓမ္မဝန်ဆောင် ဆရာကြီးများ(၃)ဦးမှ (၇)ဦးနှင့် ၎င်းတို့အနက် ဆုတောင်း၊ ဆက်ကပ်မည့်ပုဂ္ဂိုလ်
- သစ္စာပေးခြင်းနှင့် သိက္ခာတော်ရ ဓမ္မဝန်ဆောင်အဖြစ် ကြိုဆိုနှုတ်ဆက်မည့် ပုဂ္ဂိုလ်
- ကျမ်းစာဖတ်မည့်ပုဂ္ဂိုလ်
- ကောင်းချီးပေးမည့်ပုဂ္ဂိုလ် (တစ်ပါးထက်ပိုလျှင် လျာထားသတ်မှတ် ပေးရပါမည်)
၃။ မှတ်တမ်းရေးမှူးတင်ပြခြင်း
၎။ စည်းဝေးရွှေ့ဆိုင်းခြင်း (သိက္ခာတင်မင်္ဂလာ ဝတ်ပြုစည်းဝေး ကျင်းပမည့်နေရက်၊ အချိန်ဒေသ ရွှေ့ဆိုင်းခြင်းဖြစ်ပါသည်။
မှတ်ချက်။ ။ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် ထည့်သွင်းရသည့် သံစုံအဖွဲ့၊ ဓမ္မသီချင်း ရွေးချယ်မှု စသည်တို့ကို သက်ဆိုင်ရာ အသင်းတော် လက်တွင်ထားပါသည်။