❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

ခ။ ထိမ်းမြားမင်္ဂလာ

(၂) စီရင်ခွင့်ရှိသူ

လက်ထပ်ထိမ်းမြား ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပြီး အသင်းတော်၏ မင်္ဂလာ တစ်ရပ်အဖြစ် သန့်ရှင်းသော ထိမ်းမြားခြင်းမင်္ဂလာ ဖြစ်ပါသည်။

အသင်းတော်သည် ယုံကြည်သူ တပည့်တော်တို့၏ မိတ်သဟာယ အဖွဲ့ဖြစ်၍ ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် အပြန်အလှန် ကတိသစ္စာပြုလျက် နာမတော်၌ ထိမ်းမြားခြင်းကို အသိအမှတ် ပြုလျက်အားပေးပါသည်။

(၃) စီရင်သူ

ဘုရားရှေ့၊ လူတို့ရှေ့ ကတိသစ္စာပြုလျက် နာမတော်၌ ထိမ်းမြားလက်ထပ် ပေးခြင်းဖြစ်ရာ အစဉ်အလာ အားဖြင့် ဘာသာရေး ခေါင်းဆောင်တို့က တာဝန်ယူစီရင် ပေးလေ့ရှိပါသည်။ ဤအမှုသည် လူမှုရေးနှင့်လည်း ဆက်စပ်သည်ဖြစ်၍ အစိုးရမင်းများ အနေဖြင့် ဥပဒေ သတ်မှတ်ချက်များဖြင့် တရားဝင် ဥပဒေရ တရားဝင် ဖြစ်စေပါသည်။

သို့ကြောင့် ဘာသာရေး ဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက် အရလည်းကောင်း၊ အစိုးရ၏ တရားဥပဒေ အရလည်းကောင်း၊ အခွင့်အာဏာ အပ်နှင်းခြင်းခံရသော ပုဂ္ဂိုလ်တို့က စီရင်ရပါသည်။ ခရစ်ယာန် ထိမ်းမြားခြင်း အက်ဥပဒေ (၁၈၇၂) ပုဒ်မ၆- အရ ခရစ်ယာန်ဘာသာဝင် အချင်းချင်းကို သော်လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင် တစ်ဦးနှင့် အခြားဘာသာဝင် တစ်ဦးကို သော်လည်းကောင်း လက်ထပ်ထိမ်းမြား ပေးနိုင်ခွင့် လိုင်စင် ပုဒ်မ၉- အရ တိုင်းရင်းသား ခရစ်ယာန် ဘာသာဝင်တို့အား ထိမ်းမြား ပေးနိုင်ခွင့် လိုင်စင်ရရှိသူ ဓမ္မအမှုတော်ဆောင် တို့အနေနှင့် တရားဝင်စီရင်ဆောင်ရွက်ခွင့် ရှိပါသည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.