ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၃။ အခြားမင်္ဂလာများ
(ခ) အသင်းတော်အားသစ္စာပေးခြင်း
ဘုရားသခင်၏ အသင်းတော်ကို အစေခံသော သင်းအုပ်တို့၏ အသက်ရှင်ခြင်း၌ နှစ်ခြိုက်သော သူများရှိသကဲ့သို့ အပြစ်တင်တတ်သူလည်း ရှိတတ်ပေသည်။ ထိုသောအခါတွင် မှန်သောသက်သေခံ နှစ်ဦးသုံးဦး မရှိဘဲလျက် ဘုရားသခင် အမှုတော်ဆောင်အား အပြစ်တကာ တင်လာသော စကားတို့ကို နားမထောင်ကြပါနှင့်။
ယနေ့ ဆရာဦး… အား သိက္ခာတင်မင်္ဂလာကို ပေးသော ကောင်စီသည် ဆရာ့ကို အသင်းတော်လက်သို့ အပ်နှင်းပါမည်။
သင်တို့သည် လက်ခံ၍ ဆရာနှင့် အတူတကွတွဲ၍ ဘုရားသခင်၏ နိုင်ငံတော်ကို ကျယ်ဝန်းစေမည့် သခင်ခရစ်တော်ဘုရား၏ မေတ္တာနိုင်ငံတော် လုပ်ငန်းကို အဖဘုရားသခင်အား သစ္စာရှိစွာနှင့် လည်းကောင်း၊ ခရစ်တော်ဘုရား၏ မေတ္တာကရုဏာစိတ်နှင့် လည်းကောင်း၊ မိမိတို့ အသက်တာကို ဆက်ကပ်၍ လည်းကောင်း၊ ဆောင်ရွက်ကြရန် သင်တို့အား တိုက်တွန်းအပ်ပါသည်။
(လက်ခံမည့် အသင်းတော် ဥက္ကဌအား သစ္စာပေးသူမှ နှုတ်ဆက်ပြီး သိက္ခာမင်္ဂလာ ခံယူသူနှင့် အသင်းတော် ဥက္ကဌ လက်ဆွဲနှုတ်ဆက် စေခြင်းဖြင့် အသင်းတော်ကို အပ်နှင်းစေပါ)
– သိက္ခာတော်ရ ဓမ္မဝန်ဆောင်အဖြစ် ကြိုဆိုခြင်း …
– ဓမ္မသံစုံကျူးအေးခြင်း
– အသင်းတော်/ သာသနာအဖွဲ့သို့ ပြန်လည်ပေးအပ်ခြင်း …
– သိက္ခာတင်ကောင်စီသဘာပတိ
– ဓမ္မသီချင်း သီဆိုခြင်း
– ကောင်းချီးပေးခြင်း … သိက္ခာတင်မင်္ဂလာ ခံယူသူတစ်ဦး