❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၃။ အခြားမင်္ဂလာများ

(ခ) အသင်းတော်အားသစ္စာပေးခြင်း

(၉) မှတ်ချက်
(ဂ) အချိန်ကာလ

သိက္ခာတင်မင်္ဂလာ ကျင်းပမည့် အချိန်ကာလကို အသင်းတော်က ကြိုတင်ဆုံးဖြတ် သတ်မှတ်ခြင်း မပြုအပ်ပါ။ သိက္ခာတင်ကောင်စီက ဆုံးဖြတ်ရန်ဖြစ်၍ အသင်းတော်က မိမိဆန္ဒကို ဖော်ပြနိုင်ရန် လျာ ထားတင်ပြချက်သာ ပြုသင့်ပါသည်။

(ဃ) စီရင်ပုံ

သိက္ခာတင်ကောင်စီဟူသော ဝေါဟာရကို ရှင်းလင်းရလျှင် သိက္ခာတင်မင်္ဂလာ ကိစ္စအတွက် ဖွဲ့စည်းသော အသင်းတော်ကောင်စီဟူ၍ သိမှတ်ရန် ဖြစ်ပါသည်။ အခြေခံအားဖြင့် အသင်းတော်များ ကောင်စီ (ယာယီ) ဖြစ်ပါသည်။

သိက္ခာတင်ကောင်စီတွင် အနည်းဆုံး အသင်းတော်(၇)ပါး ရှိသင့်ပါသည်။ မိမိတို့နယ်/အဖွဲ့ချုပ်ဝင် အသင်းတော်များသာမက အနီးရှိ နှစ်ခြင်းအသင်းတော်များ/ သာသနာအဖွဲ့များမှ ကိုယ်စားလှယ် တို့ကိုလည်း ခေါ်ဖိတ်သင့်ပါသည်။ သိက္ခာတင်ကောင်စီစည်းဝေးသို့ တက်ရောက်ကြသူများ လက်မှတ်ရေးထိုးနိုင်ရန် စာရင်းဇယားပြုစု ထားပေးသင့်ပါသည်။ သိက္ခာတင်ကောင်စီနှင့် ယာယီအဖွဲ့ သဘာပတိအတွက် လွယ်ကူစေရန်အစီအစဉ် ဆောင်ရွက်ရမည့် အချက်တို့ကို ကြိုတင်ရိုက်နှိပ်ပေးသင့်ပါသည်။ ကောင်စီအနေဖြင့် ဆုံးဖြတ်သတ်မှတ်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်မှု မပြုနိုင်လျှင် သိက္ခာတင်ကောင်စီကသာ လိုအပ်သော ပြုပြင်ပြောင်းလဲ သတ်မှတ်မှုကို သက်ဆိုင်ရာ အသင်းတော် သာသနာအဖွဲ့နှင့် ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်မှုပြုရသည်။

လူတစ်ဦးတစ်ယောက် တစ်စုအနေဖြင့် ဦးခေါင်းပေါ်လက်တင်၍ ဆုတောင်းပေးခြင်းသည် အသင်းတော်နှင့် သာသနာတော်အတွက် သီးသန့်ရွေးကောက် ခန့်ထားချီးမြှင့်သော သိက္ခာတင်မင်္ဂလာ မဟုတ်ကြောင်း အထူးသတိချပ်သင့်ပါသည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.