❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၎။ ထိမ်းမြားမင်္ဂလာ
(၇) စီရင်ပုံ
ဆရာ။ ။ (သတို့သမီးအား လက်ခံရန်)
မောင် _______ နှင့် ထိမ်းမြားလက်ထပ်ရန် မ _______ ကို ဘယ်သူကပေးအပ်ပါသလဲ။
ဆရာ။ ။ (သမ္မာကျမ်းစာတော်ဖတ်ခြင်း)
(မ ၁၀း၆-၉။ ဧ ၅း၂၂-၂၄။ ၅း၂၅-၂၉) မိဘ/ အုပ်ထိန်းသူအပ်ပြီးမှ ဖတ်ရန်။ (အားလုံးဖတ်ရန်မလိုပါ။ ဆီလျော်သလို အသုံးပြုရန်ဖြစ်ပါသည်။)
(လက်ျာလက်ချင်း ထပ်စေလျက် သစ္စာပေးခြင်း)
ဆရာ။ ။ ကျွန်တော်မောင် _______ သည်၊ မ _______ ကို ကျွန်တော်၏ ဇနီးအဖြစ် သိမ်းပိုက်ပြီးလျှင် ယနေ့ကစ၍ အသက်ကုန် ဆုံးသည်တိုင်အောင် ဘဝခရီးလမ်း တစ်လျှောက် သာယာသည်ဖြစ်စေ၊ ကြမ်းတမ်းခက်ခဲ သည်ဖြစ်စေ၊၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ကျမ်းမာသည်ဖြစ်စေ၊ နာသည်ဖြစ်စေ ထာဝရဘုရား အမိန့်တော်နှင့် လျော်ညီစွာ ချစ်ခြင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကြည့်ရှုပြုစုလျက် ပေါင်းဖော်ပါမည်ဟု ကတိသစ္စာပြုပါ၏။
ဆရာ။ ။ ကျွန်မ/မ _______ သည် ကို _______ ကို ကျွန်မ၏ လက်ထပ်ခင်ပွန်းအဖြစ် သိမ်းပိုက်ပြီးလျှင် ယနေ့ကစ၍ အသက်ကုန် ဆုံးသည်တိုင်အောင် ဘဝခရီးတစ်လျှောက် သာယာသည်ဖြစ်စေ၊ ကြမ်းတမ်းခက်ခဲ သည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ကျမ်းမာသည်ဖြစ်စေ၊ နာသည်ဖြစ်စေ၊ ထာဝရဘုရား၏ အမိန့်တော်နှင့် လျော်ညီစွာ ချစ်ခြင်းမေတ္တာဖြင့် ကောင်းမွန်စွာကြည့်ရှု ပြုစု လျက် ပေါင်းဖော်ပါမည်ဟု ကတိသစ္စာပြုပါ၏။
(အထိမ်းအမှတ် လက်စွပ်တောင်းခြင်း)