❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၎။ ကောင်းချီးမင်္ဂလာပေးခြင်း|ခံယူခြင်း

ခ။ ပေးပုံပေးနည်း

ကောင်းချီးမင်္ဂလာကို အသံထွက် ပြောဆိုခြင်းနှင့် အသနားခံခြင်းများ ပြုလုပ်ကြပါသည်။ (Oral blessing and petitions)

ဣသရေလ လူမျိုးများသည် ပြောဆိုသောစကား၊ ကောင်းချီးမင်္ဂလာတွင် တန်ခိုး (power) ပါရှိကြောင်း ယုံကြည်ကြပါသည်။ (ကမ္ဘာ ၁း၃၊ ၂၈)။ ကောင်းချီး ပေးလိုက်သော အရာများကို ပြန်လည်ရုပ်သိမ်း ပယ်ဖျက်၍ မရပါ(ကမ္ဘာ ၂၇း၃၀-၃၈)။ ယာကုပ်နှင့်ဧသော အကြောင်း သိက္ခာတော်ရ ဆရာသည် အလွန်ရှည်လျားစွာ မဟုတ်ဘဲ၊ သင်တို့အပေါ်သို့ အစား ကျွန်ုပ်တို့အပါ် သက်ရောက် ပါစေသော်ဟု ကောင်းချီး ပေးသင့်ပါသည်။

ဂ။ ကိုယ်လက်အနေအထား

ဆုတောင်းရာ၌ ရပ်လျက် (မဿဲ ၆း၅)။ ပြပ်ဝပ်၍ (ဆာ ၉၅း၆) ဒူးထောက်လျက် (လုကာ ၂၂း၄၁) ဦးညွတ်၍ (ကမ္ဘာ ၂၄-၂၆)၊ လက်ဝါးတို့ကို ကောင်းကင်သို့ ဖြန့်လျက် (၃ ဓမ္မ ၈း၂၂) တောင်းခံကြပါသည်။ လက်ကိုချီ၍ ဘုရားသခင်ကို ကောင်းချီးပေးကြလော့ (ဆလံ ၁၃၄း၂) ဟူ၍လည်း တွေ့ရှိရပါသည်။ ကောင်းချီး ပေးခြင်းသည်လည်း ဆုတောင်းခြင်းဖြစ်သောကြောင့် သိက္ခာတော်ရ ဆရာသည် ”လက်ဝါးနှစ်ဖက်” ကို ဖြန့်ကာ ကောင်းကင်သို့ ၄၅ ဒီဂရီ မြောက်၍ အုပ်စိုးလျက် ကောင်းချီး ပေးသင့်ပါသည်။

ဃ။ အချိန်အခါ

ကောင်းချီးပေးခြင်းကို ခရီးသွားနီး (ရေဗက္က-ကမ္ဘာ ၂၄း၆၀) လက်ထပ်မင်္ဂလာ ပြုသောအခါ (ကမ္ဘာ ၂၄း၆၀၊ ရုသ ၃း၁၁-၁၂) လူတစ်ဦးသေခါနီး (ဣဇတ်နှင့်ယာကုပ်) (ကမ္ဘာ ၂၇း၂၇-၂၉)၊ အချင်းချင်း တွေ့ဆုံသောအခါ၊ ယဇ်ပူဇော်ခြင်း၊ အမှု ပြီးဆုံးသောအခါ (၂ ဓမ္မ ၆း၁၈) ပြုတတ်ကြပါသည်။ ယနေ့အချိန်အခါမှာ ဝတ်ပြု ကိုးကွယ်ခြင်း၏ နောက်ဆုံး အစိအစဉ် အဖြစ် ကောင်းချီးကို ခံယူသင့်ပါသည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.