❮ Prev အမှာစာ စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯
နှစ်ခြင်းအသင်းတော်များ၏
အခြေခံယုံကြည်ချက်နှင့်ကျင့်သုံးမှု
စကားချီး
စာတည်းအဖွဲ့ ကလည်း ၁၉၈၉ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ် အတွင်း လေးကြိမ် တွေ့ဆုံဆွေးနွေး ကြပြီး၊ တည်းဖြတ် စီစစ် ခဲ့လေသည်။ ဤစာအုပ်သည် အသင်းချုပ်မှ အတည်ပြု ထုတ်ဝေသော စာအုပ်ဖြစ်သည်။ ဤစာအုပ်တွင် ပထမပိုင်းနှင့် ဒုတိယပိုင်း နှစ်ပိုင်းထားရှိ ပါသည်။ ပထမပိုင်းမှာ ယုံကြည်ချက်၊ ထူးခြားချက်နှင့် သဘောတရားပိုင်း ဆိုင်ရာဖြစ်ပြီး၊ ဒုတိယပိုင်းမှာ ကျင့်သုံးမှုများနှင့် အစီအစဉ် ပိုင်းဆိုင်ရာ အထောက်အကူများ ဖြစ်ပါသည်။
ဒုတိယပိုင်းတွင် ပါရှိသော အစီအစဉ်ပိုင်း ဆိုင်ရာ အထောက်အကူများမှာ ကိုယ်တော်၏ ကြယ်၌ ပါရှိသည့် အစီအစဉ် များကို အခြေခံ၍ လက်ရှိနှစ်ခြင်း အသင်းတော်များ ကျင့်သုံးမှု အခြေအနေကို မှီပြီး အကြံပြု ရေးသားထားခြင်း ဖြစ်သည်။
ဤစာအုပ်အား နှစ်ခြင်းဓမ္မ အမှုတော်ဆောင် ဆရာ/ဆရာမများ သာမက နှစ်ခြင်းယုံ ကြည်သူ တပည့်တော် များလည်း အသုံးပြု နိုင်လေသည်။ ဤစာအုပ် ထွက်ရှိရန် အတွက် တာဝန်ယူ ဆောင်ရွက်ခဲ့ ကြသော၊ စာရေးသားသူများ၊ တည်းဖြတ် စီစစ်သူများ၊ လိုအပ်သမျှ ဝိုင်းဝန်းကူညီမစ ကြသူများကို သော်လည်းကောင်း၊ ကွန်ပျူတာ၊ ပုံနှိပ်ပိုင်းဆိုင်ရာ လုပ်ငန်းများအတွက် ပုံနှိပ် ထုတ်ဝေရေး ဌာနကို လည်းကောင်း၊ အထူးကျေးဇူး တင်ရှိ ပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။ ဤစာအုပ်သည် ယုံကြည်သူတိုင်း၏ လက်ဝယ်ထားရှိ သင့်သော စာအုပ်ဖြစ်သည်။ ဤစာအုပ် အားဖြင့် အဖဘုရားသခင်၏ ဘုန်းတော် နာမတော် ထင်ရှားပါစေသော်။ အာမင်း။
❮ Prev အမှာစာ စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯